46

1.3K 189 1
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၄၆
(ထာဝရရှင်သန်ခြင်းလမ်းစဥ် ဘာ့ကြောင့်ပျက်စီးခဲ့သလဲ)

အချိန်များတဖြည်းဖြည်းကုန်ဆုံးနေပြီးနောက်
နေဝင်ရီတရော အချိန်သို့ ရောက်နေလေပြီဖြစ်သည်။ သို့သော် ထိုဇရပ်လေး အတွင်းရှိ နားထောင်သူပရိတ်သတ် အပေါင်းမှာ အချိန်များကုန်ဆုံးနေခြင်းကို မေ့လျော ့နေကြသည်။ သူတို့သည် ပုံပြင်အား အာရုံစူးစိုက် နားထောင်လျက်ရှိသည််။

မုန့်ကျွင်းလျန့်၏ အသံနေအသံထားမှာ ပြောင်းလဲသွားခြင်း မရှိကာ ပေါ့ပေါ့ပါးပါး ဆက်လက်ပြောဆိုနေသည်။

ဗုဒ္ဓက သူ့ရဲ့လက်ဝါးကို မြှောက်လိုက်ပြီး ဝူခုန်းကို အနောက်ဘက်ဂိတ် ဆီ ပစ်လွှင့်လိုက်တယ်.... ဗုဒ္ဓဟာ သူရဲ့လက်ချောင်းငါးချောင်းကို ရွှေ၊သစ်သား၊ရေ၊မီးနဲ့ မြေ တို့ ပါဝင်တဲ့ တောင်ငါးလုံးအဖြစ်သို့ ပြောင်းလဲ ဖန်ဆင်းလိုက်တယ်..... သူဟာ ဒါတွေကို ဓာတ်ငါးပါးတောင် လို့ ခေါ်ဆိုလိုက်ပြီး ဝူခုန်းကို သူ့ရဲ့ လက်ဖဝါးအောက်မှာ ညင်သာစွာ ဖိထားလိုက်တယ်....."

'' မိုးကြိုးနတ်ဘုရားတွေက လက်အုပ်ချီပြီး ပြောလိုက်ကြတယ် ....အရှင်ဗုဒ္ဓ...... အရှင်ဗုဒ္ဓ.........

ဝူခုန်းဟာ တာအိုလမ်းစဥ်ကို ကျင့်ကြံပြီး သင်ယူလေ့လာနေထိုင်ဖို့ အပြစ်ပေး အဆုံးအဖြတ်ခံခဲ့ရတယ်.....ဝူခုန်းက သူ့ရဲ့ စွမ်းအားတွေ ပျက်စီးခြင်း မရှိပဲ ဘေးဒုက္ခတွေကို ကျော်လွှားနိုင်ခဲ့တယ်....သူဟာကောင်းကင်ခုံရုံးကိုတောင် စိန်ခေါ်ရဲခဲ့တဲ့သူဖြစ်တယ်.....ကောင်းကင်ဘုံကို တိုက်ပွဲ ဖြစ်စေခဲ့တယ်.....အခုတော့ သူဟာသူ့ရဲ့လုပ်ရပ်အမှားတွေအတွက် အပြစ်ပေးခံနေရတာပေါ့.....ကဲ နောက်ဘာဆက်ဖြစ်မလဲ.....ဘာတွေဆက်ဖြစ်မလဲဆိုတာကို သိချင်ရင် နောက်တစ်ပိုင်းကို ဆက်နားထောင်ကြရမှာပါ....

မုန့်ကျွင်းလျန် ပုံပြင်ပြောခြင်းအား အဆုံးသတ်လိုက်ချိန်တွင် ပရိတ်သတ်များမှာ အားမလိုအားမရ ဖြစ်သောအသံများ ထွက်လာကြသည်။
သူတို့ တစ်ယောက်ချင်းစီတိုင်းသည် နောက်ထပ်မည်သို့ဆက်ဖြစ်မည်အား သေမတတ် သိချင်ကြသော်လည်း သူတို့မှာ မုန့်ကျွင်းလန်အား ဆက်ပြောစေရန် မတောင်းဆိုကြချေ။ ထိုအစား သူတို့မှာ တညီတညွတ် မတ်တပ်ရပ်လိုက်ကြပြီးလျှင် ဆရာတစ်ယောက်အားကျောင်းသားများမှ ဦးညွတ် အရိုသေပေးသကဲ့သို့ ဦးညွတ်လိုက်ကြသည်။

ကျုပ်ကဆရာကြီး(1-ongoing)Onde histórias criam vida. Descubra agora