279+280+281+282+283

1.2K 117 1
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၂၇၉
( ကူကယ်ရာမဲ့နေသော သနားစရာ အင်မော်တယ်သခင်)

အင်မော်တယ် အထက်ဘုံတွင် ...

ဂူယွမ်နှင့် ပေနီ နှစ်ယောက် စွန့်ပစ်ထားသော သဲထူထူ ကုန်းမြေတစ်ခု၌ မတ်တပ်ရပ် နေကြသည်။

ထိုနေရာသည် ခပ်စောက်စောက် တောင်တန်းလေးများ ဝန်းရံလျှက် ရှိသော နေရာလွတ် တစ်ခုဖြစ်သည်။ တောင်တန်းများက သိပ်မမြင့်မားကြသော်လည်း ခမ်းနားထည်ဝါ နေသည်။

ဂူယွမ်နှင့် ပေနီက စတုရန်းပုံ လူသွားလမ်းတစ်ခုအပေါ်၌ မတ်မတ်ရပ်နေကြခြင်း ဖြစ်သည်။ လူသွားလမ်း၏ ဘေးတစ်ဖက်တစ်ချပ်စီတွင် ရှည်လျားသော ထောက်တိုင် ကြီး နှစ်တိုင် ရှိလေသည်။ ၎င်းတို့က အလွန်ခိုင်မာကာ ကြီးမားကြသည်။

ရှေးကျကျပုံစံ တည်ထားခြင်း ဖြစ်သဖြင့် တစ်ချိန်က ၎င်းအဆောက်အအုံ၏ ဘုန်းတန်ခိုး ကြီးမားခဲ့ပုံကို ခန့်မှန်း၍ရနိုင်သည်။

သို့သော်လည်း ဖုန်များတက်နေခဲ့ပြီ။ လူသွားလမ်းနှင့် ထောက်တိုင်ကြီးများကို ဖုန်အထပ်ထပ် နှင့် ကာရံထားသည်။ ထောက်တိုင်ကြီးတစ်တိုင်ဆိုလျှင် ကျိုး၍ပင် နေချေသည်။

ပေနီက မျက်မှောင်ကျုံ့ထားလျှက် စိတ်ပူနေသော အသံနှင့် မေးလိုက်၏။ လူအိုကြီး ချင်းချန်... ဘာလို့ အခုထိ ရောက်မလာသေးတာလဲ...

ဂူယွမ်က လူသွားလမ်းကို ငေးကြည့်နေလျှက် ပြန်ဖြေသည်။ စကြဝဠာမုန်တိုင်းထဲမှာ သူသေသွားပြီလား.... မဖြစ်နိုင်ပါဘူး.... ကျုပ်မြေးလေးက ဒီလောက်အားမနည်းပါဘူး... သူကံမကောင်းတာများလား....

ထို့နောက်တွင် စွန့်ပစ်ခံ လူသွားလမ်းကြီးက တံလျှပ်ကဲ့သို့ တလျှပ်လျှပ် လင်းလက် လာသည်။ ထိုတံလျှပ်များက လူသွားလမ်းပေါ်တွင် တံခါးတစ်ချပ်ကို ဖြစ်ပေါ်စေသည်။

တံခါးက ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု နှင့်တူပေသည်။ ၎င်းတံခါးမှ ပုံရိပ်တစ်ခုလည်း ခပ်ဖြည်းဖြည်း ပေါ်လာခဲ့သည်။

ယင်းပုံရိပ်မှာ တစ်ကိုယ်လုံး ရှုပ်ပွပေကျံနေသည်။ ဆံပင်ရှည်ဖြူများက ဖရိုဖရဲ ပြေကျ နေကာ ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ရာများ အမြောက်အများနှင့် ဖြစ်ချေသည်။ ထို့နောက် ပုံရိပ်သည် ၎င်း၏ ပုံပန်းသွင်ပြင်ကို ပြင်ပြင်ဆင်ဆင် လုပ်လိုက်ပြီးမှ သက်ပြင်းချနိုင် တော့သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now