70

1.1K 166 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း - ၇၀
(ပုံရိပ်ဖော် ပုလဲလုံး)

လင်မုဖန်း နှင့် ချင်မင်ယွင်တို့၏ မျက်လုံးများ နီရဲသွားခဲ့ကာ ထို ဘွန်ဆိုင်းပင်များအား နောက်တစ်ကြိမ်
ကြည့်မိလိုက်သည်။

"ဟာ..."

ထိုအရာများမှာ သူတို့ပေးခဲ့သည့် စိတ်ဝိညာဉ်ဆေးပင် ဆယ့်ခြောက်မျိုးပင် မဟုတ်လော....

"ဒါ...ဒါ....သူ အဲ့ဒီဆေးပင်တွေကို ပြန်စိုက်လိုက်တာလား....

သူတို့ ခေါင်းတစ်ခုလုံးအား မုန်တိုင်းတစ်ခု  ဝင်မွှေ သွားသည့်အလား ခံစားလိုက်ရပြီး စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားကာ စဉ်းစားဆင်ခြင်နိုင်စွမ်းတို့ ပျောက်ဆုံးရသည်။

သူတို့ များစွာသော ဖြစ်နိုင်ခြေများကို တွေးတောမိခဲ့သော်လည်း ဆရာကြီးက စိတ်ဝိညာဉ်အပင်များအား အလှအပင်များအဖြစ် ပြန်လည်စိုက်ပျိုးထားခဲ့မည်ဟု မထင်ထားခဲ့ချေ။ ထိုဆေးပင်များက ယခင်ကထက်ပင်
ပိုမိုကြီးထွားလာခဲ့ကာ ရင့်သန်လာနေလေသည်။

လင်မုဖန်း ထိုအပင်များအားကြည့်ကာ ရေနစ်သလို ခံစားရသော်လည်းပဲ တကယ်တမ်းတွင်တော့ ထိုသို့ မဟုတ်ချေ။

ဆရာကြီး...

တစ်ကယ်ကို စစ်မှန်တဲ့ ဆရာကြီးတစ်ယောက်ပဲ....

သူကစိတ်ဝိညာဉ်ဆေးပင်တွေကိုတောင်မှ အလှဆင်အပင်တွေအဖြစ် ပြန်စိုက်ပျိုးနိုင်ခဲ့တယ်....

တစ်စုံတစ်ယောက်သာ မြင်မယ်ဆိုရင် ရူးသွားလိမ့်မှာ အမှန်ပဲ...

လင်မုဖန်း လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။ သူ၏အကြည့်အား စိတ်ဝိညာဉ်ဆေးပင်များမှ ခက်ခဲစွာ လွှဲဖယ်လိုက်၏။ ထို့နောက်တွင် သူ အခြားနေရာအား ကြည့်လိုက်သည်။

စမ်းချောင်း နံဘေးတွင်ရှိသော ရေခဲကျောက်စိမ်း သေတ္တာလေးမှာ အတော်လေးကို ကြည့်ကောင်းလှ၏။ ၎င်းက နေရောင်ထဲတွင် ထွင်းဖောက်မြင်နိုင်စွမ်း ရှိကာ အတော်လေးကို လှပ လှပေသည်။ ၄င်းက သေချာပေါက် ရှားပါးသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားဟန်ရ၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now