94

1.1K 144 1
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၉၄
(ဟုတ်ပြီလေ)

ညတစ်ညတွင်ဖြစ်သည်။

တောင်၏ဝန်းကျင်မှာ ပုံမှန်ထက်ပို၍ တိတ်ဆိတ်လျက် ရှိသည်။ မကောင်းဆိုးဝါးများ၏ အသံများမှာလည်း ပျောက်ကွယ်သွားဟန် ရ၏။

ထို့ကြောင့် လီနင်းဖန်မှာ အနည်းငယ် အံ့သြနေသော်လည်း သူ ဂရုမစိုက်ချေ။ သူ အိပ်ချင်နေပြီဖြစ်သည်။

အချိန်များ ကျော်လွန်လာပြီးနောက် သန်းခေါင်ယံ အချိန်သို့ ရောက်လာခဲ့သည်။

တ့ကျီ သူမ၏ အခန်းထဲမှ ထွက်လာကာ သူ၏ အခန်းရှေ့အရောက်တွင် ဦးညွတ်လိုက်သည်။ သူမတွေးနေကာ စိတ်ထဲမှပြောလိုက်သည်။
သခင်...ဒီည ကျွန်မ သခင့်ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးပါ့မယ် သခင်

သူမသည် ည၏ ကောင်းကင်ယံတွင် တောက်ပနေသော လမင်းကြီးအား ကြည့်လိုက်သည်။ ထို့နောက် သူမသည် လေးပါးသောဗိသုကာစံအိမ်မှ အပြင်သို့ ခိုးထွက်လာခဲ့သည်။

.......

တောနက်အတွင်း နေရာများတွင် ချုံပုတ်များမှာ ထူထပ်စွာ ပေါက်ရောက်နေသည်။ တောထဲရှိမြေပြင်မှာ အလယ်တွင် ချိုင့်ဝင်နေသည်။ မိခင် သဘာဝတရားမှ ဖန်တီးထားသော ကြီးမားသော ဧရာမ ပန်းကန်လုံး ကဲ့သို့ပင်ဖြစ်နေသည်။

ချိုင့်ဝင်နေသော မြေကြီး၏ အလယ်တွင် အလင်းထွက်နေသော နေရာတစ်နေရာ ရှိလေသည်။ ၄င်းနေရာမှာ ရယ်သံများနှင့် စည်းကမ်းမဲ့စွာ ဆူညံနေသည်။

မရေမတွက်နိုင်သော နတ်ဆိုးများသည် ထိုနေရာတွင် စုစည်းနေကြသည်။ သူတို့တွင် လူခန္ဓာကိုယ်နှင့် တိရစ္ဆာန်ခေါင်းများ ရှိကြသည်။ သို့သော် လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း ပုံစံအား မပြထားသော နတ်ဆိုးအနည်းငယ်သည် သူတို့၏ တိရစ္ဆာန်ပုံစံအတိုင်းသာ ရှိနေကြသည်။

ဥပမာ ခြောက်မြီးမြေခွေးလေး ဖြစ်သည်။

သူမ သည် နတ်ဆိုးများ၏ ကြားတွင် ပြေးလွှားနေသည်။ ထို့နောက်တွင် သူမသည် ကြီးမားသော သစ်ပင်တစ်ပင် ပေါ်သို့ ခုန်တက်သွားသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now