84

1.1K 155 0
                                    

Uni
========
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၈၄
(အသိဥာဏ်မရှိတဲ့ ငမိုက်သား)

တော်ဝင်ဧကရာဇ် သည် လီနင်းဖန်ရှိရာ ကြွေလွင့်မြို့တော် ဝင်ပေါက်သို့ လမ်းလျှောက်လာလေသည်။

ထိုစဉ် လီနင်းဖန် ပြောလာသည်။
တော်ဝင်ဧကရာဇ်....ဧကရာဇ် ကိုယ်တိုင်ကလည်း ကျင့်ကြံသူတစ်ယောက်ဖြစ်တယ်...ဖြစ်နိုင်ရင် နန်နန်းကို စောင့်ရှောက်ပေးပါ

ကိစ္စ မရှိပါဘူး သခင်လေးလီ ကျုပ် သေချာ စောင့် ရှောက်လိုက်ပါ့မယ်
တော်ဝင်ဧကရာဇ် ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။

ကျေးဇူးပါ...နောက်မှ တွေ့ကြတာပေါ့

လီနင်းဖန်မှ သူ့အား မမြင်နိုင်လောက်သော အကွာအဝေးသို့ ရောက်သွားသောအခါတွင် တော်ဝင်ဧကရာဇ်သည် သူ၏လက်အားမြှောက်လိုက်ကာ သူကိုယ်တိုင် သူ့ပါးအား ပြန်ရိုက်တော့သည်။

ဘယ်ဘက်ပါးသို့တစ်ချက်၊ ညာဘက်ပါးသို့ တစ်ချက် ၊ထို့နောက် ဘယ်ဘက်ပါးသို့ နောက်တစ်ချက်......

ဖြန်း....ဖြန်း.....ဖြန်း......

အရူး ငါကတကယ့် သောက်ရူး
တော်ဝင်ဧကရာဇ် အော်ဟစ်နေတော့သည်။ သူ ငိုပင်ငိုချင်နေ၏။

သူသည် နန်နန်းအကြောင်းအား သိထားသည်။ ပြီးလျှင် သူမအား ဆရာကြီး မည်မျှလောက် ချစ်ကြောင်းလည်း သိထားသည်။ မည်သည်ကြောင့် ဤမျှထိ ကြီးမားသည့် အခွင့်အရေးအား လွဲချော်သွားရသနည်း။

သောက်ကျိုးနည်း ကို လွဲတာကွာ.....

အကြီးကြီးဆုံးရှုံးလိုက်ရပါလား.....

အဲ့ဒါက ဆရာကြီးရဲ့ အသိအမှတ်ပြုလက်မှတ်လေ....

ပြီးတော့ ထာဝရရှင်သန်ခြင်း ရဲ့ အမှန်တရားတွေ ပါဝင်နေတဲ့ အရာ.....

အဲ့ဒါက တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပဲ....

လုံးဝ အကြီးကြီး အံ့သြစရာ အခွင့်အရေးပဲ.....

ထို့ပြင် နန်နန်း၏ စိတ်ဝိဥာဉ် အရင်းအမြစ် အရည်အသွေးမှာ နည်းပါးသော်လည်း သူမ၏နောက်ကွယ်တွင် ဆရာကြီးရှိလေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now