116+117

1.2K 196 19
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၁၆
(အရိုးရှင်းဆုံးသော နည်းလမ်းဟာ အကောင်းဆုံးနည်းလမ်းပါပဲ)

ပင့်သက်ရှိုက်သံ.

တော်ဝင်ဧကရာဇ်နှင့် ချင်မင်ယွင်တို့မှာ အလွန်အမင်း အံ့အားသင့်ကာ ပင့်သက်ရှိုက်မိကြသည်။ သူတို့၏ အရေပြားများ ပျော့ခွေသွားသကဲ့သို့ ခံစားလိုက်ရသည်။

လက်ပြတ်အား ပြန်ဆက်ခြင်းမှာ အောင်မြင်သွားချေပြီ။

မည်သည့် ကျင့်ကြံခြင်း နည်းစနစ် မှ မပါဝင်သလို အဆင့်မြင့် စိတ်ဝိဥာဉ် ဆေးပင်များ၏ အစွမ်းကိုလည်း လုံးဝ အသုံးမပြုခဲ့ပေ။

၄င်းက မည်ကဲ့သို့သော စွမ်းရည်မျိုးဖြစ်သနည်း။ ယခင်က တစ်ခါမှ မကြားဖူးခဲ့ပေ။

ဆရာကြီးသည် အမှန်တကယ်ပင် ဆရာကြီးဖြစ်ပေသည်။ သာမန်လူတစ်ယောက်အဖြစ် နေထိုင်ခြင်းအား သူသဘောကျသည်မှာ အံ့သြစရာမရှိပေ။ သာမန်လူတစ်ယောက်ဖြစ်နေလျှင်တောင် ကျင့်ကြံသူများ မလုပ်ဆောင်နိုင်သော အရာများအား လုပ်ဆောင်နိုင်ကြောင်း သူ သက်သေပြချင်ခြင်းသာ ဖြစ်ရမည်။

အလွန်စွမ်းအားကြီးသော ဆရာကြီးပင်။ သူ၏စွမ်းအားများ အသုံးမပြုခဲ့ခြင်းအား ကိုယ်တွေ့ မြင်လိုက်ရခြင်းမှာ သူတို့အား အရှက်ရစေသည်။

ရုတ်တရက် သူတို့မှာ သိမ်ငယ်လာသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့မှာ အသက်ဆက်ရှင်နေရန် မထိုက်တန်တော့ပေ။

သို့ရာတွင် သူတို့သည် ဂုဏ်ယူဖွယ် ခံစားချက်အသစ်တစ်ခု ချက်ချင်းပင် ခံစားမိလိုက်သည်။ လီနင်းဖန်ကဲ့သို့ ဆရာကြီးက သူတို့အား သူ၏ ကျားစေ့များအဖြစ် ရွေးချယ်ခဲ့လေသည်။ ၄င်းမှာ ချီးမြှင့်မှုတစ်ခုပင်။ သူတို့ ဂုဏ်ယူနေမိကြသည်။

လင်မုဖန်းမှာ မျက်ရည်စို့နေသည်။ သူသည် လီနင်းဖန်၏ ရှေ့တွင် ဒူးထောက်လိုက်ချင်နေကာ သူ၏ ရာသက်ပန် သစ္စာခံမှုအား ကတိကဝတ် ပြုချင်နေသည်။ သို့ရာတွင် ဆရာကြီးမှာ ထိုကဲ့သို့ ပြုလုပ်ခြင်းအား မနှစ်သက်ကြောင်း သူသိ၏။ ထို့ကြောင့် ထိုကဲ့သို့ မပြုလုပ်မိရန် သူ ချုပ်တည်းထားလေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now