256+257+258+259+260

1.2K 168 12
                                    

ကြယ်လေးတွေပေးကြပါ❤

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၅၆
(ဗုဒ္ဓလမ်းစဉ်၊ ကိစ္စကြီး တစ်ခု မဟုတ်ဘူး)

အပြတ်အသတ် အနိုင်ယူ လိုက်ပြီ .....

ဆရာကြီးလုံးဝ အနိုင်ရသွားသည်မှာ သံသယဖြစ်ဖွယ်ကို မရှိပါချေ။

အင်မော်တယ်သခင်သာ စိန်မခေါ် ခဲ့ လျှင် ဤသို့သော ကပ်ဘေးမျိုးနှင့်လည်း ရင်ဆိုင် ရမှာ မဟုတ်ပေ။

ပန်းချီကားကို အင်မော်တယ်သခင်ကြီးအနေဖြင့် ကြည့်မည်ဆိုလျှင် ပန်းချီကားရှိ မီးတောက်များ၏ ဘဝမှာ စိတ်ပျက်စရာနှင့် နာကျင်ဖွယ်ကောင်းနေတော့သည်။

ထို့နောက် မီးနဂါးကြီးကို ကြည့်ပြန်လျှင်လည်း အတော်ပင် သနားသဖွယ်လေး ဖြစ် နေရသည်။ မည်မျှသနား စရာကောင်းနေသည်ကို စကားလုံးများဖြင့် ဖော်ပြ၍ တောင် မရနိုင်ချေ။

တစ်စုံတစ်ဦး၏ စွမ်းအင်ကို ပြင်းပြင်းထန်ထန် ခုခံလိုက်သည်ဆိုသော ကိစ္စသည် ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ပေ။ သို့သော်လည်း မြင်ကွင်းကြီး တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ခြင်း ဟူသည်မှာကား အတော် ကြောက်စရာကောင်းကြောင်း အံ့သြရင်းနှင့် ဝန်ခံရပေမည်။

ဆရာကြီးသည် အလွန် ကြောက်မက်ဖွယ် မီးတောက်ကြီးများကို သနားသဖွယ် မီးလေးများအဖြစ် ပြောင်းလဲခဲ့သည်။

ဆရာကြီး အဆင့်က ဘယ်လောက်တောင် မြင့်မားနေတာလဲ... မြင့်မားလိုက်တာ...

အင်မော်တယ်အရှင် ဆိုသည်ကလည်း ဆရာကြီးရှေ့မှောက်တွင်တော့ ပိုးကောင်လေး သာဖြစ်တော့သည်။

လျူယန် နန်းတော်တွင်......

ပွက် ....

အင်မော်တယ်အရှင် ပါးစပ်အပြည့် သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့မျက်နှာ တစ်ခုလုံးမှာ စက္ကူဖြူ တစ်ရွက် ကဲ့သို ဖြူဖတ် နေလေ၏။ နဖူးသွေးကြောများ ဖောင်းထနေ သည်ကို လည်း မြင်နေရသည်။ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေလေ၏။

အဟွတ်...

ထို့နောက် ချောင်းဆိုးကာ သွေးထပ် အန်ပြန်သည်။ သူ့မှာ ရုတ်ချည်း တိုက်ခိုက်ခံ လိုက် ရခြင်း ဖြစ်၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now