76

1.1K 146 2
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၇၆
(ထိုးဖောက်ဝင်ရောက်လာသော အန္တရာယ်)

ရေခဲသေတ္တာနှင့်ပတ်သက်၍ လီနင်းဖန်မှာ အတိတ်အား သတိရနေမိသည်။

သူသည် အဝေးတစ်နေရာသို့ ငေးကြည့်နေလျက် လွမ်းဆွေးခံစားနေသည်။

အမှန်တကယ်တော့ သူသည် သူ၏အစားအစာများမပုပ်သိုးသွားအောင် ထိန်းသိမ်းချင်ခဲ့ခြင်းမဟုတ်ပေ။ အေးခဲနေသော ဟင်းသီးဟင်းရွက်များအား သူမုန်းသည်။ အချိုရည်အေးအေးလေးများ သောက်ချင်သောကြောင့်သာ သူ ရေခဲသေတ္တာတစ်လုံးအား လိုချင်ခဲ့ခြင်းဖြစ်သည်။

အချိုရည်အေးအေးလေးများနှင့် အေးခဲနေသော ဖရဲသီးများမှာ သူအကြိိုက်ဆုံးပင်ဖြစ်သည်။

သူ ဟင်းချက်ပြီးလေပြီဖြစ်သည်။ ဆိုဒါအေးအေးလေးတစ်ဘူးသာ ရှိနေလျှင် အလွန်ကောင်းပေမည်။

လင်မုဖန်းသည် လီနင်းဖန် မည်သို့ဖြစ်နေသည်အား မြင်တွေ့လိုက်သည်။

ရေခဲသေတ္တာသည် ဆရာကြီးအတွက် အရေးပါသော ပစ္စည်းဖြစ်ကြောင်း သူမှတ်သားလိုက်သည်။ သူသည် ဆရာကြီးပေးသော တာဝန်များအား သေချာစွာ လုပ်ဆောင်ရပေမည်။

ထို့နောက် သူ ဇဝေဇဝါ ဖြစ်သွားသည်။

လီနင်းဖန် မွေ အိုးအားကိုင်ကာ အိမ်နောက်ဖေးသို့ လျှောက်သွားသည်အား သူတွေ့လိုက်သည်။

လီနင်းဖန်သည် စွတ်ပြုတ်အား သွန်ပစ်တော့မည်ဖြစ်သည်။

လင်မုဖန်း၏မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြမှင်သက်သွားသည်။

လီနင်းဖန် ကောင်းကင် စွတ်ပြုတ်အား သွန်ပစ်တော့ပေမည်။ ထိုမြင်ကွင်းအားကြည့်ရသည်မှာ သူ့အားညှင်းပန်းနှိပ်စက်နေသကဲ့သို့ ခံစားရလေသည်။

လီနင်းဖန်သည် အိမ်နောက်ဖေးသို့ ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့်သူ အလျင်အမြန်လှုပ်ရှားရပေမည်။ သူ ချက်ချင်း လှမ်းပြောလိုက်သည်။
သခင်လေးလီ ခဏနေပါဦး

ဟမ်
လီနင်းဖန်မှာ လင်မုဖန်းအား ကြည့်လိုက်သည်။

လင်မုဖန်း၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။ ထို့နောက် ကြောက်ရွံ့စွာဖြင့် သူပြောလေသည်။
သခင်လေးလီ စွတ်ပြုတ်တွေကို သွန်ပစ်တော့မလို့လား

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now