221+222+223

970 138 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၂၁
(ကန့်သတ်ချက်ထက် ပိုကျော်နေပြီပဲ)

သန်းခေါင်ယံမတိုင်ခင် အချိန်တွင် ဖြစ်သည်။

မျှော်စင်မြင့်ပေါ်တွင် မဟာယနကျင့်ကြံသူ ၃၈ဦး စုဝေးနေကြ၏။

သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ အင်မော်တယ်သာမန်ဘုံမှ အကောင်းဆုံး ကျင့်ကြံသူများ ဖြစ်ကြကာ ဤအခိုက်အတန့်၌သာ စုဝေးမိကြခြင်း ဖြစ်သည်။ ထိုသို့ အံ့အားသင့်စရာ ကောင်းလွန်းသော မြင်ကွင်းကြောင့် အားလုံးမှာ အသက်ပင် မနည်း ရှူနေရတော့သည်။

အင်မတန် ခန့်ညားထည်ဝါလှသည်။

သို့ရာတွင် ပို၍အံ့သြစရာကောင်းသော အချက်မှာ သူတို့အားလုံး အားနည်းနေဟန် ရှိကာ လေတိုက်လျှင်ပင် လဲကျသွားလောက်အောင် စုတ်ပြတ်နေကြခြင်းဖြစ်သည်။

အမှန်တရားမှာ ခါးသက်လှသည်။ သူတို့၏ ဘဝတစ်လျှောက်လုံး ကြိုးစားကျင့်ကြံခဲ့ကြပြီး ယခုမူ သင်္ချိုင်းမြေဝါ အောက်တွင် အိပ်စက်သွားကြရနိုင်သည်။

ကျုပ်တို့ရဲ့ အသိဥာဏ်တွေရဲ့ ဒေါသတွေကြောင့် ဒီနေ့ ကျုပ်တို့ ဒီနေရာမှာ ဘဝရဲ့ နောက်ဆုံးအလင်းရောင်အတွက် တိုက်ခိုက်ဖို့ စုဝေးခဲ့ကြတာ ဖြစ်တယ်...ကောင်းကင်ဘုံက အသက်တွေကို ငှားရမ်းပြီး အဲ့ဒီ့ကို သွားရမယ့် နည်းလမ်းအတွက် ထာဝရသက်တမ်းကို ရှာဖွေကြဖို့ ဖြစ်တယ်

ပထမဆုံး အင်ပါယာအဘိုးကြီးက ကြွေးကြော်လိုက်ခြင်း ဖြစ်ပြီး သူသည် ပတ်ဝန်းကျင်အား လှုံ့ဆော်လိုက်သည်။

ထိုသို့ ပြောဆိုလိုက်ပြီးနောက် သူသည် လေထဲသို့ မြင့်တက်သွားကာ ကောင်းကင်ထက်တွင် ပျံဝဲသွားသည်။

သူ သြဇာကြီး၍ စွမ်းအားကြီးသော လေထုတစ်ခု ထုတ်ဖော်လိုက်သည်။
အခြားသူများသည်လည်း မရှုံးနိမ့်ချင်ကြကာ အင်မော်တယ်ကူးပြောင်းခြင်းလမ်းစဉ်ပေါ်တွင် ရှိနေကြသည်။

သူတို့၏ အရှိန်အဝါများမှာ အမြင့်ဆုံးအထိ ရှိနေကြပြီး ဤသည်မှာ သူတို့ဘဝအတွက် နောက်ဆုံး ဂုဏ်သိက္ခာ ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ ဘဝအသစ်တစ်ခုဆီသို့ ကူးပြောင်းရန် အသည်းအသန် ကြိုးစားနေကြခြင်းဖြစ်ကာ နောက်ဆုံး အရှိန်အဝါအား ကောင်းကင်သို့ ထုတ်လွှတ်နေကြခြင်း ဖြစ်သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now