236+237+238+239

945 123 0
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၃၆
(အဲ့ဒါ ငါ့တပည့်လေးပဲ)

ငါသိသွားပြီ

အမည်းရောင်ဝတ်ရုံနှင့် လူသည် လင်မုဖန်းအား ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ သူ တစ်စုံတစ်ခုအား သဘောပေါက်သွားဟန် ရှိသည်။
မင်းပဲ...မင်း ငါ့ရဲ့ အဖိုးတန် တပည့်လေးကို သတ်ပြီး ရတနာဓားကို ခိုးခဲ့တာပဲကိုးကွ....ငါ့တပည့်လေး ကံဆိုးလိုက်တာ....ငါသူ့အတွက် လက်စားချေမှ ဖြစ်မယ်

သူသည် ကြောက်စရာကောင်းအောင် သန်မာလှသည်။ လေများသည် ဓားသွားများကဲ့သို့ ထပ်ရှစွာ တိုက်ခတ်သွားပြီး တိမ်စိုင်များအား ထိုးခွင်းသွားသည်။

ယခုတွင် လင်ယွင်အင်မော်တယ်ခုံရုံးမှာ ပျက်စီးတော့မည် ဖြစ်သည်။

ဒုတ်.....

လင်မုဖန်း ၏ ဒူးခေါင်းများ အားပျော့လာကာ သူ ဒူးထောက်ချလျက် တောင်းပန်တော့သည်။
အင်မော်တယ်ကြီး....စိတ်မဆိုးပါနဲ့ဗျာ...ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့....ကျုပ်တကယ် ဓားကို ဆွဲ
ထုတ်ခဲ့တာပါ

အမည်းရောင်ဝတ်ရုံနှင့် လူမှာ စိတ်ညစ်ညူးသွားသည်။
မဖြစ်နိုင်ဘူး...မင်းက ပထမစမ်းသပ်ချက်သုံးခုကိုတောင် ကျော်လွှားနိုင်မယ့် ကောင်မဟုတ်ဘူး...မြန်မြန်ပြောစမ်း မင်းဓားကို ဘယ်က ရတာလဲ

ရွှမ်း....

ဓားတစ်ချောင်း သူ၏ လည်ပင်းနောက်သို့ မြန်ဆန်စွာ ပျံသန်းရောက်ရှိလာသည်။ လင်မုဖန်း၏ ဆံပင်တစ်ချောင်း ပြတ်ထွက်သွား၏။

လင်မုဖန်း မှာ ကြောက်ရွံ့မှုကြောင့် မလှုပ်မယှက်ဖြစ်နေသည်။

သူ အချိန်အတန်ကြာ ရုန်းကန်နေရပြီးနောက် သူ ပြောလာသည်။
လျှို့ဝှက်ဝင်ပေါက်ကို ကျုပ်တစ်ယောက်တည်း သွားခဲ့တာမဟုတ်ဘူး...ဆရာကြီးတစ်ယောက်လည်း ပါတယ်

အမည်းရောင်ဝတ်ရုံနှင့်လူ လည်း ထိုစကားအား ယုံကြည်သွားဟန်ရှိသည်။
ငါသိပြီ....အဲ့ဒီ့လူက ငါ့ရဲ့တပည့်ပဲ ဖြစ်ရမယ်...ဘာလို့ အဲ့ဒီ့ဆရာကြီးက မင်းကို ဂန္တဝင်ဓား ပေးလိုက်တာလဲ.

ကျုပ်ကဆရာကြီး(1-ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ