114+115

1.1K 171 11
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၁၄
(မိုးပြာနတ်ဆိုးပိတ်လှောင်ခြင်းအခမ်းအနား)

အမည်းရောင် ပုဂ္ဂိုလ် မှာ အလွန်အမင်း ဒေါသထွက်သွားသည်။

ဓားနတ်ဆိုး.....မင်းရဲတင်းလှချည်လား.... မင်းကပြန်တိုက်ရဲတာလား

အမှောင်ထုနှင့် ရွှေရောင်အလင်းများ လေထဲတွင် လင်းလိုက်မှိန်လိုက်  ခေါက်တုံ့ခေါက်ပြန် ဖြစ်နေ၏။ တောက်ပမှု နှင့် မှိန်သွားမှုများ တစ်လှည့်စီဖြစ်နေကာ မီးရှူးမီးပန်းများအား အဝေးမှ ကြည့်နေရသကဲ့သို့ ထင်ရသည်။

လင်မုဖန်းနှင့် အခြားသူများမှာ ကောင်းကင် ပေါ်သို့ ပါးစပ်များ ဟကာ ကြည့်နေကြ၏။

ငါသိပြီ.... ငါနားလည်သွားပြီ
တော်ဝင်ဧကရာဇ်မှာ အံ့အားသင့်စွာပြောလိုက်သည်။ သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ဒါက ဆရာကြီးရဲ့ အစီအစဉ်ပဲ... သူငါတို့ကို မစတေးလိုက်ဘူး

ခန့်မှန်းလို့မရနိုင်ဘူး.... တကယ်ကို ခန့်မှန်းဖို့ မဖြစ်နိုင်ဘူး
ပထမအကြီးအကဲမှာ သက်ပြင်းအကြိမ်ကြိမ် ချနေလေ၏။ သူ အလွန်အမင်း အံ့အားသင့်နေခြင်းအား မရပ်တန့်နိုင်ပေ။
ဆရာကြီးက လုံးဝခန့်မှန်းလို့ မရဘူး.... ဆရာကြီးရဲ့ ခုခံမှုက အဲ့ဒီ့ဓားကိုယ်တိုင် ဖြစ်နေတယ် လို့ ဘယ်သူက တွေးမိမှာလဲ

အခြားသော အကြီးအကဲများမှာလည်း စိတ်ရှုပ်ထွေးနေကြသည်။

ဒါကို ဆရာကြီးလုပ်လိုက်တာလား..... ပြောင်မြောက်လိုက်တဲ့အကွက်.... လုံးဝမယုံနိုင်စရာပဲ

ဘယ်လိုဆရာကြီးလဲကွာ... ကြောက်စရာကောင်းလိုက်တာ.....သူက နတ်ဆိုးဓား ကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ဆုံးမ ပဲ့ပြင် ထိန်းကျောင်းခဲ့တာကိုး

နတ်သက်ကြွေနတ်ဆိုးဓားက ဘယ်လိုဖြစ်သွားတာလဲ.... သူကဗုဒ္ဓဘာသာဝင် ဖြစ်သွားရုံတင်မကဘူး အရမ်းလည်း စွမ်းအားကြီးနေပြီ

လင်မုဖန်းမှာ ကောင်းကင်အားကြည့်နေလျက် သူ၏ ပြင်းထန်သော စိတ်ခံစားမှုများကြောင့် မျက်နှာမှာ နီရဲနေသည်။ မျက်ရည်များ သူ့မျက်နှာတစ်လျှောက်တွင် စီးကျနေကာ ဂုဏ်ယူစွာပြောလိုက်၏။
ဆရာကြီးက ငါတို့ကို မစွန့်ပစ်ခဲ့ဘူး... အဲ့ဒါဟာ နတ်သက်ကြွေနတ်ဆိုးဓားပဲ..... ကျုပ်အဲ့ဒါနဲ့ထင်းခွဲခဲ့တာ.... ခင်ဗျားတို့ ယုံနိုင်ပါ့မလား

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now