261+262+263+264

927 116 4
                                    

vipဝင်ဖို့ fb pageလဲပေးထားတယ်နော်သဲငယ်တို့

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၆၁
(အင်မော်တယ်ဘုံက ထင်သလောက်လဲ အထင်ကြီးစရာ မကောင်းပါဘူး.)

လျောင်မန်ကျိ သည်နေရာတွင်ပဲ ရစ်သီရစ်သီ လုပ်နေကာ ထွက်ပြေးရန် ရည်ရွယ်ချက် မရှိသည်ကို တွေ့ရသောအခါ အမျိုးသမီးမှာ အထိတ်တလန့် ဖြစ်သွားရသည်။

ထိုအခါ သူမက အဆတ်မပြတ် ပြောတော့သည်။
မန်ကျိ၊ ပြေးလေ... လှေကို ထားခဲ့တော့ ... နှေးတုန့်နှေးတုန့် လုပ်မနေနဲ့....

ထားခဲ့ရမယ်... မရဘူး....

လင်ရှန်း နန်းတော်က ပစ္စည်းတွေ အကုန် ဒီလှေပေါ် တင်ထားကာ ... ပြီးတော့လည်း ဆရာကြီး အထဲမှာ နားနေသေးတယ်... ကျုပ်သာ သေရင်သေပါစေ... ဆရာကြီးကို ဘယ်တော့မှ မထားခဲ့ နိုင်ဘူး...

ကောင်းကင်လှေပေါ်ရှိ သူသုံးယောက်၏ အနေအထားကို အကဲခတ်ပြီးနောက် အမျိုးသမီးလည်း ထိတ်ထိတ်လန့်လန့် ဖြစ်နေရသည်။

အိုး... မဟုတ်ဘူး... ငါ့တပည့်လေးတွေ အင်မော်တယ်တွေကို အကြောက်လွန်နေတာပဲ ဖြစ်ရမယ်...

ဪ... ကောင်းကင်လှေပေါ်က အဲ့ဒီလူက မင်းတပည့်လား... လွယ်သွားတာပေါ့... ကောင်းကင်ဘုံက မင်းကို ပျောက်ကွယ်သွားစေချင်နေတယ်... အဲ့ဒီတော့ မင်းသေရမယ်... ဟ,ဟ...ဟ....

အဲ့ဒီမှာပဲနေ... ကျုပ်တို့ကို သေတ္တာလေး ကမ်းပေးလိုက်... ပြီးတော့ ရွှေပျားရည်တွေကို ဘယ်ကရလာတာလဲ ဆိုတာ ပြောပြ ... အဲ့ဒါဆို မင်းကို အသက်ရှင်ခွင့်  ပေးမယ်...

အင်မော်တယ်နှစ်ဦး အူမြူးနေလေ၏။ ရိုင်းရိုင်းစိုင်းစိုင်း လှောင်နေကြကာ မောက်မာ နေ ကြသေးသည်။

အမျိုးသမီးလည်း ကြောက်လန့်နေကာ
ဟင်... တပည့်လေး၊ မင်းငါ့ကို နောက်နေတာလား.. ကြောင်မနေစမ်းနဲ့ ... မြန်မြန် ပြေးရအောင်....

ဘယ်သူက နောက်လို့လဲ ... ခင်ဗျား မသိဘူးလား...

လျောင်မန်ကျိနှင့် အခြားလူများမှာ သူမအား အဖတ်လုပ်၍ ပြန်ဖြေမနေပေ။

သူတို့ အလွန် စိုးရိမ်ပူပန်နေလျှက် မအားလပ် ရှိကြသည်။ အုတ်အော်သောင်းနင်း အခြေအနေကြီးတွင်  ဆရာကြီးကို  နိုးပစ် လိုက်ချင်သည်။ သို့သော် ထိုသို့ လုပ်ရန်အတွက်လည်း အပြစ်ရှိသည်ဟုလည်း ခံစားနေရ၏။ 

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now