36

1.3K 206 3
                                    

Uni
========
#ကျုပ်ကဆရာကြီး
အခန်း ၃၆
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(မင်းတို့ မူလအသွင် ပြန်ပြောင်းစမ်း)

ဝံပုလွေ မိစ္ဆာမှာ နှာခေါင်းရှုံလိုက်သည်တွင် နှုတ်ခမ်းထောင့်စွန်းမှ အစွယ်တို့မှာ ပြူးထွက်လာသည်။
အဲ့ဒီ နေရာပဲကိုးမြှီးမြေခွေးရဲ့ အနံ့ကို အဲ့ဒီက ရနေတယ် သူ လှောင်ပြုံး ပြုံးကာ ပြောသည်။

နွားမကောင်းဆိုးဝါး ရယ်မောလိုက်၏။
ဟားဟားဟားငါတို့ သခင်ကြီးက အသွင်ပြောင်းမကောင်းဆိုးဝါးကို ရှာဖို့အတွက် တော်တော်လေး ဉာဏ်ကောင်းတာပဲအဲ့ဒီ အနံ့ကို ရလိုက်တာနဲ့ ငါတို့ တစ်တောင်လုံး ရှာနေစရာ မလိုတော့ဘူး

ဒီမြေခွေးက အသွင်ပြောင်းဖို့ ဒီလောက်သတ္တိရှိလိမ့်မယ် လို့ မထင်ထားဘူးအရင်နေ့တွေက သူ့ကို နေရာ အနှံလိုက်ရှာခဲ့တယ်ငါတို့ သူ့အနံ့နဲ့ ရင်းနှီးနေတာ ကြာပြီ ဝံပုလွေ မိစ္ဆာ ၏ မျက်လုံးထဲ အလင်းတစ်ချက် လက်သွားခဲ့ကာ ပြောလာသည်။

အင်းသူမ သာ အသွင်မပြောင်းရင် ငါတို့ သူ့နေရာ လိုက်ရှာရဲမှာ မဟုတ်လောက်ဘူး နွားမိစ္ဆာ ခေါင်းညိတ်လိုက်ကာ ကြောက်ရွံသည့် အရိပ်အယောင် အချို့  မျက်လုံးဖြတ်ပြေးသွားသည်။ ကိုးမြှီးမြေခွေးက စွမ်းအားကြီးလွန်းလှသည် မဟုတ်လား

ယခင်က သူတို့ သခင်ကြီးမှာ ထို ကိုးမြှီးမြေခွေးအား ရင်ခုန်ခဲ့ပြီး လက်ထပ်ချင်ခဲ့သည်။ သို့သော်လည်း ထို မြေခွေးလေး က ဒဏ်ရာ အပြင်းအထန် ရကာ လွှတ်မြောက်သွားသည်။ သို့ပေမဲ့ သူမ ၏ ဒဏ်ရာများမှာ အလျင်အမြန် ကောင်းမွန်သွားခဲ့ပြီး အလွန် အစွမ်းထက် လာလေသည်။ နှစ်အနည်းငယ်လေး နှင့် ခြောက်မြှီးမြေခွေး မှ ကိုးမြှီး မြေခွေး အဖြစ်သို့ အဆင့်တက်နိုင်သွားသည်။ သူတို့ သခင်ကြီးပင်လျှင် သူမ အား ဝေးဝေး မှ ရှောင်ခဲ့ရ၏။

သို့သော်လည်း သူမ က လူ့အသွင်ပြောင်းရန် ရွေးချယ်သွားလေသည်။ ဟုတ်ပေသည်။ ထိုမြေခွေး အားအနည်းဆုံး အချိန်၌ ဖမ်းဆီးရမည် ဖြစ်သည်။

နွားမိစ္ဆာ မေးလာသည်။
ငါတို့ တွေ့ပြီဆိုမှတော့ သခင်ကြီးကို သတင်းပို့သင့်လား

ကျုပ်ကဆရာကြီး(1-ongoing)Kde žijí příběhy. Začni objevovat