10

1.5K 234 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၁၀
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(အန္တာရာယ်အကြားရှိ ဝမ်ကျင်းအင်မော်တယ်ဂိုဏ်း )

အတွင်းခြံလေးသည် အေးချမ်းပြီး ဆိတ်ငြိမ်သော အခြေအနေ ၌ ရှိနေလေသည်။ လီနင်းဖန် နှင့် ဘလက်ကီတို့သည် အနောက်ခြံတွင် ရှိနေရင်း ဝေခွဲမရသည့် အမူအရာတို့ ဖြစ်နေလေသည်။ ရေကန်လေး၏ ကုန်းဘက် ပေါ်တွင် အနားယူနေသော လိပ်ကိုတွေ့မှ လီနင်းဖန် စိတ်ထဲ သက်ပြင်းချမိလိုက်၏။။

ထို လိပ်မှာ ကုန်းပေါ်တက်ကာ နေပူစာ လုံနေသည်။ ၄င်းက မပျောက်သွားချေ။ ဆိုလိုသည်မှာ ရေကန်ထဲ မကောင်းဆိုးဝါး မရှိသောကြောင့် ထိုသို့ ဖြစ်ရမည်ဟု လီနင်းဖန် တွေးလိုက်လေသည်။

ရှောင်ပိုင်အား စားသောက်ပြီးသည်များကို ရှင်းရန် အမိန့်ပေးလိုက်ပြီးနောက် အရှေ့ခြံရှိ ကုလားထိုင်ထက်တွင် မှီကာ သူ အနားယူနေလိုက်သည်။ နေရောင်မှာ သာ နေသော်လည်း သစ်ပင်ကြီးများ အုပ်မှိုင်းနေခြင်းကြောင့် အပူဒဏ် သက်သာကာ အေးမြနေသည်။ သူ အနားယူနေစဉ်အတွင်း အိတ်ထဲရှိ ကျောက်စိမ်းလေးအား သတိရမိလိုက်သည်။ ပျင်းနေသည် နှင့် အတူတူ ထို ကျောက်စိမ်းအား ပြန်လည်ပြင်ဆင်မည်ဟု ဆုံးဖြတ်လိုက်၏။ ထို့နောက် အချို့သော ကိရိယာများကို ထုတ်ကာ ကျောက်စိမ်းအား ပြင်ဆင်တော့သည်။ ကျောက်စိမ်းအလယ်ရှိ ဖီးနစ်ပုံ အား စတင် မွန်းမံသည်။ အချိန်မှာ ကုန်လွန်လာသည်နှင့် အတူတူ ကောင်းကင်တွင်လည်း အမှောင်ထု က စိုးမိုးလာတော့၏။

ထို နေရာ နှင့် မိုင်တစ်ထောင် အကွာတွင် တောင်ထိပ် နှစ်ခုမှာ ငြိမ်းချမ်းစွာ တည်ရှိနေသည်။ ထို တောင်ထိပ်နှစ်ခုအား တစ်ခုတည်းအဖြစ် သတ်မှတ်နိုင်သည်။ ဒဏ္ဍာရီများ အရ ဝမ်ကျင်းဂိုဏ်း၏ တည်ထောင်သူ သည် ထိုတောင်အား နှစ်ပိုင်းအဖြစ် ဖြတ်ပိုင်းပြီး နှစ်မွှာ အင်မော်တယ်တောင်ဟု အမည်ပေးခဲ့သည်။

ထို နှစ်မွှာ အင်မော်တယ် တောင်ထိပ်တွင် ကျောင်းတော်တစ်ခုမှာ ဝင့်ကြွားစွာ တည်ရှိနေလေသည်။ ၄င်းက ဝမ်ကျင်း အင်မော်တယ် ဂိုဏ်း ဖြစ်ပေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now