88

1K 146 0
                                    

Uni
=====
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၈၈
( ကမ္ဘာတစ်ခု၏ ခွန်အား)

ဒါဆိုရင် ဒါက ဒီကော်သေတ္တာလေး အသုံးပြုရမယ့် နည်းလမ်းပေါ့

ဆရာကြီးရဲ့ အပြုအမူတိုင်းက လေးနက်တဲ့ အဓိပ်ပါယျတှေ ရှိနေတယ်သူက ဒါတွေ အားလုံးကို ငါ့အတွက် စီစဉ် ထားပေးခဲ့တာပဲဒီလို စွမ်းအားမျိုးက ဒီကမ္ဘာမှာတောင် မရှိနိုင်ဘူး

ကြောက်ဖို့ကောင်းတယ်တုန်လှုပ်စရာကြီးပဲ

ကံကောင်းစွာ နှင့်ပင် သူ ဆရာကြီး၏ အဓိပ်ပါယျကို နားလည်ခဲ့ခြင်း ဖြစ်သည်။

လင်မုဖန်း လေအေးတစ်ရှိုက် ရှူသွင်းလိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
ကိုယ့်ကိုယ်ကိုယ် သိပ်အထင်မကြီးနဲ့. အခုကစပြီး ဆရာကြီးရဲ့ စကားလုံးတိုင်း အပြူအမူတိုင်းကို ငါ သတိထားပြီး အရိပ်အမြွတ်တိုင်းကို နားလည်အောင် လုပ်ရမယ်

ကျန်ရှိနေသည့် ကျင့်ကြံသူများမှာ သူ့အား မယုံကြည်နိုင်စွာ ကြည့်လာကြသည်။ သူတို့ မြင်လိုက်ရသည့် အရာ အပေါ် မယုံကြည်နိုင်ဟန် ပင် ရ၏။

အဲ့ဒီကော်ဗူးလေးက သာမန် ဖြစ်ပေမဲ့ ဒီလောက်တောင် စွမ်းအားကြီးတယ်လား
သူတို့သာ ရေခဲသလင်းကျောက်၏ စွမ်းအားကို မမြင်ခဲ့ရပါက ထို ရေခဲသလင်းကျောက်မှာ အတု ဟု ယုံကြည်မိမည်မှာ အမှန်ပင်။

လင်ယုဖန်း ရယ်မောလိုက်ကာ အခြားသူများအား ပြောလိုက်သည်။
ဟားဟားကျေးဇူးပါပဲကျေးဇူးပါပဲ

သူ ပြုံးနေသော်လည်း သူ့ကိုယ်တွင်းရှိ စိတ်ဝိညာဉ်ချီများကို အဆုံးစွန်အထိ နိူးဆွထားပြီး ဖြစ်သည်။ သူ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထား၏။ အဖိုးကြီးစွန်း သည်လည်း သူ့ဘေးတွင် ရပ်ကာ လူတိုင်းအား သံသယဝင်စွာ ကြည့်နေသည်။

အခန်းအတွင်းရှိ အခြေအနေ မှာ တင်းမာလာသည့် သယောင် ထင်ရသည်။

ထိုစဉ် စီနီယာ ချင်ယန်က ရုတ်တရက် ပြောလာ၏။
ကျုပ် ခုနကတည်းက ပြောပြီးသားပဲ ဒါကို ရယူနိုင်တဲ့သူက ကိုယ့်အပိုင်ပဲ.. ကျုပ်တို့ ဒီအတိုင်းပဲ လွှတ်ပေးရမှာ မဟုတ်လား

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now