144+145+146+147+148+149+150

1.4K 181 10
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၄၄
(ယဉ်ကျေးမှုပြည့်ဝတဲ့ အင်မော်တယ်ကမ္ဘာကြီးပါပဲ)

ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြိုးကြာဖြူ၏ ကျောပေါ်တွင် လီနင်းဖန် မတ်တပ်ရပ်လိုက်သည်။ သို့ရာတွင် နောက်ထပ်ကြုံတွေ့လာရသည့် အဖြစ်အပျက်ကြောင့် သူအေးခဲသွားလေ၏။ သူ ယူဆ ထားသည်နှင့် အလွန်ပင် ကွဲပြားနေကာ ကြိုးကြာဖြူ၏ ကျောပေါ်တွင် လုံးဝ တည်ငြိမ်နေလေ၏။ ကြိုးကြာဖြူမှာ ပျော့ပျောင်းနေသော်လည်း ယိမ်းယိုင်မနေချေ။ ၄င်းမှာ ကတ္တီပါ ကောဇောထက်တွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်ကာ မြေပြင်ပေါ်တွင် ရှိနေသည့်အတိုင်း ခံစားရစေသည်။

လီနင်းဖန်နှင့်တကျီ ခြေလှမ်းလှမ်းလိုက်သော အခါတွင်လည်း ကြိုးကြာဖြူ၏အသားမှာ အလေးချိန်ကြောင့် နစ်ဝင်သွားခြင်းမရှိချေ။ တောင်ပေါ်တွင် မတ်တပ်ရပ်နေရသကဲ့သို့ တည်ငြိမ်လွန်းလှ၏။

ဂူကျီယောင် ပြောလိုက်သည်။
သခင်လေးလီ သွားကြစို့

သူတို့မှာတော့ ကြိုးကြာဖြူပေါ်သို့ စီးနင်းလိုက်ပါခြင်း မပြုကာ သူတို့အားလုံး အလင်းတန်းများအဖြစ် အသွင်ပြောင်းသွားကြသည်။ ထိုအကြောင်းကြောင့် လီနင်းဖန် အတော်လေး ရှက်သွားမိသည်။ သူတို့မှာ လီိနငျးဖနျ အတွက် သီးသန့် ကိုယ်ပိုင်ယာဉ်တစ်စင်း ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။

သို့ရာတွင် ဤ သီးသန့်ယာဉ်မှာ ပျံသန်းနေသော်လည်း လုံးဝ သက်တောင့် သက်သာ ရှိလှသည်။ ၄င်းမှာ လုံးဝ ယိမ်းယိုင်သွားခြင်းမရှိသလို ကြိုးကြာဖြူသည် အတောင်ပံခတ်နေသော်လည်း သူ၏ ကျောမှာ လှုပ်ရှားသွားခြင်း မရှိချေ။ ၄င်း၏ ခေါင်းမှာ အနည်းငယ်မော့သွားကာ လည်ပင်းနားတစ်ဝိုက်ရှိ အမွေးအတောင်များသည် ပြန့်ကားသွားပြီး လေ အကာအရံပစ္စည်း တစ်ခုအဖြစ် အသွင်ပြောင်း၍ လီနင်းဖန်အား လေတိုက်အားမှ ကာကွယ်ပေးထားသည်။

လီနင်းဖန် မမေးပဲ မနေနိုင်တော့ချေ။
မိန်းကလေးဂူ ဒီကြိုးကြာဖြူကို မိန်းကလေး ကိုယ်တိုင် အပျံ သင်ထားတာလား

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now