118+119

1.1K 175 4
                                    


#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၁၈
(ဒါက သစ်တော်သီးလား)

ကျန်ရစ်ခဲ့သည့် အိမ်ထဲ၌ ဖြစ်ချင်တိုင်း ဖြစ်နေတော့သည့် အချိန်တွင်

လီနင်းဖန် က ချင်မင်ယွင်နှင့် အခြားသူများ နောက်သို့ လိုက်ပါလာခဲ့သည်။ ထို့နောက် အနီးတွင် ကြီးမားသော သင်္ဘောပျံကြီးအား သူတွေ့လိုက်ရ၏။

သင်္ဘောပျံမှာ အလွန်ကြီးမားလေသည်။ ၄င်းမှာ အဖြူရောင် ဘဲဥပုံသဏ္ဍာန်ရှိသည်။ စက်မှုပညာဖြင့် တည်ဆောက်ထားသော လေပူဖောင်း အကြီးကြီး တစ်ခု အသွင်ရှိသည်။ ၄င်းနှင့်အတူ ပျံသန်းနိုင်ကာ အထဲတွင်လည်း အိမ်ကဲ့သို့ နေထိုင်နိုင်၏။

၄င်းသည် အတိတ်ကမ္ဘာမှ လေယာဉ်ပျံများထက် အေးစက်သည်။ အင်မော်တယ်ကမ္ဘာတွင်သာ ဤကဲ့သို့ ပစ္စည်းများ အား ထူးထူးဆန်းဆန်း ထုတ်လုပ်ကြသည်။

လီနင်းဖန် ၄င်းအား တွေ့သွားစဉ်တွင် တံခါး ပွင့်လာ၏။ ချင်မင်ယွင် ပြောလိုက်သည်။
သခင်လေးလီ အရင်တက်ပါ

လီနင်းဖန် ခေါင်းညိတ်လိုက်ကာအားလုံးနှင့်အတူ သင်္ဘောပျံပေါ်သို့တက်လိုက်သည်။

အတွင်းဘက် ပုံစံမှာ သူ၏ အိမ်အတွင်းဘက်နှင့် ခြားနားမှု သိပ်မရှိချေ။ ကျယ်ဝန်း၍ မတူညီသော အခန်းများစွာ ရှိနေသည်။

တော်ဝင်ဧကရာဇ်နှင့် လြိုရျှီယူတို့ အံ့အားသင့်စွာ ပါးစပ်များ ပွင့်ဟလာခြင်းအား လီနင်းဖန် သတိထားမိလိုက်သည်။ ဤသင်္ဘောပျံသည် တန်ဖိုး အလွန်ကြီးပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ချင်မင်ယွင်သည် အင်မော်တယ်ကမ္ဘာတွင် ချမ်းသာသူတစ်ဦး ဖြစ်ကြောင်း သူ သိလိုက်၏။ ၄င်းသင်္ဘောပျံသည် သူ၏အတိတ်ကမ္ဘာမှ ကိုယ်ပိုင်ဂျက်လေယာဉ် ၏ တန်ဖိုးနှင့် တူညီပေလိမ့်မည်။

သင်္ဘောပျံ၏ ထိန်းချုပ်ခုံဆီသို့ ကျိုးတချန် ဦးတည်လျှောက်လှမ်းလိုက်၏။

အချိန်ခဏမျှအကြာတွင် သင်္ဘောပျံမှာ လေပေါ် သို့ ကြွတက်လာသည်။ ထို့နောက် ၄င်းသည် ရောင်ခြည်တန်းများ ဖြာထွက်ကာ ကောင်းကင်ဆီသို့ ပျံသန်းလေတော့၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now