93

1.1K 145 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၉၃
(ငါ့အတွက် တောက်ပရမယ့် အချိန်ရောက်ပြီ)

ဆရာကြီးက ငါ့ကို ကျင့်ကြံသူတစ်ယောက်လို့ ပြောပြီး စစ်တုရင်ကစားတာက သူ့ရဲ့ဝါသနာလို့ ပြောခဲ့တယ်....

ငါ့ကို ကျင့်ကြံသူလို့ သူပြောခဲ့တယ်....

စစ်တုရင် ဝါသနာအိုးမှာ ဂယောင်ချောက်ခြား ဖြစ်နေကာ ချက်ရှိုင်းယား ကြောင်ကဲ့သို့ ပြုံးဖြီးသွားသည်။

ကျုပ်သိပြီ....ကျုပ်သိသွားပြီ

သူ၏ ဆံပင်များ လေထဲတွင် လွင့်နေသည်။ သူ ရူးနှမ်းသွားဟန် ရသည်။

လင်မုဖန်း ချက်ချင်း မေးလိုက်၏။
စစ်တုရင်ဝါသနာအိုး....ခင်ဗျား ဘာဖြစ်တာလဲ....ဆရာကြီးက ခင်ဗျားကို အရိတ်အမြွတ်တစ်ခုများ ပေးလိုက်လို့လား

အရိပ်အမြွတ်မဟုတ်ဘူး ...အကြံဥာဏ်...ဆရာကြီးက ကျုပ်ကို အကြံဥာဏ် ပေးခဲ့တာ

စစ်တုရင်ဝါသနာ အိုးမှာ ဗျာများနေသည်။
ဆရာကြီးကပြောတယ် ကျုပ်က ကျင့်ကြံသူ  သူ့ရဲ့ဝါသနာကတော့ စစ်တုရင်ကစားတာပဲတဲ့....ဒါ့ကြောင့်သူ့ရဲ့တပည့်အဖြစ် သင်မပေးနိုင်ဘူး.... သူပြောတဲ့စကားရဲ့အဓိကအချက်က ကျုပ်က ကျင့်ကြံသူဖြစ်နေလို့ပဲ.... ကျုပ်က ကျင့်ကြံခြင်းတွေကို အားထုတ်နေတဲ့သူဆိုတော့ စစ်တုရင်ကိုဘယ်လိုလုပ် အူလှိုက်အသည်းလှိုက်လေ့ကျင့်နိုင်မှာလဲ.... သူ့ရဲ့ပညာတွေနဲ့ မတန်ဘူးလေ

စစ်တုရင် ကစားပွဲတစ်ခုက ဗျူဟာတွေ စဉ်းစားဆုံးဖြတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ကစားပွဲပဲ.... အဲ့တော့ ကျုပ်က ကျင့်ကြံခြင်းအပြင် အလုပ်သုံးခုကို တစ်ပြိုင်တည်း လုပ်နေရမှာ...... ဆရာကြီးက ကျုပ်ကို သူ့တပည့်အဖြစ် လက်မခံတာ မဆန်းပါဘူး

စစ်တုရင် ဝါသနာအိုး၏ စိတ်ခံစားမှု များ ပြင်းထန်လာသည်။ သူ မျက်ရည်ပင် စို့နေသည်။
ဆရာကြီး ပြောပြတဲ့ ပုံပြင်ထဲမှာ အဓိကဇာတ်ကောင်က သာမန်လူတစ်ယောက်ပဲ....ကျုပ် အဲ့ဒီ့အချက်ကို နားလည်သွားပြီ... ကျုပ်က တစ်ချိန်လုံး အမှားတွေ လုပ်ခဲ့တာပဲ.... ကျုပ်နားလည်သွားပြီ.... နောက်ဆုံးတော့ ကျုပ်ဘာတွေမှားနေလဲ ဆိုတာကို နားလည်သွားပြီ

ကျုပ်ကဆရာကြီး(1-ongoing)Wo Geschichten leben. Entdecke jetzt