284+285+286+287+288

947 114 3
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၂၈၄
( ဆရာကြီး၏ စမ်းသပ်မှု)

မင်းသမီးခုနစ်က ပြာလွင်လဲ့လဲ့ ပိုးထည်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမ စကတ် အောက်အနားသားများက လေတိုက်ရာ တဖျတ်ဖျတ် လွင့်မျောနေကြသည်။ သူမ၏ ကျက်သရေ ရှိသော ပုံပန်းသွင်ပြင်လေးသည် နေရောင်အောက်တွင် ကောင်းမွန်စွာ ထုဆစ်ထားသော ကျောက်ဆစ်ရုပ်လေးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ မင်းသမီးခုနစ်က  တောင်ထိပ်သို့ မော့ကြည့်နေခြင်း ဖြစ်သည်။

အကြွင်းမဲ့ဆရာကြီးတစ်ပါးက ဒီလို တောင်ပေါ်မှာ နေမယ်လို့ ဘယ်သူက ထင်ပါ့ မလဲ... ဆရာကြီးက ဒီတောင်ကို ဘုံသုံးဘုံစလုံးမှာ အကောင်းဆုံးတောင် ဖြစ်စေခဲ့တယ်..

တာအိုကျင့်ကြံသူရှင်းဟီက သူမ အနောက်တွင် မတ်မတ်ရပ်နေ၏။ သူက သည်စကားကို မေးနိုင်ရန် အချိန်အကြာကြီး စောင့်နေခဲ့ခြင်း ဖြစ်သည်။
မင်းသမီးခုနစ်၊ ကျွန်တော်တို့ တောင်ပေါ် တက်ကြတော့မလား....

ထိုအခါ မင်းသမီးခုနစ် သက်ပြင်းမောကြီးချ၍ ပြန်မေးတော့သည်။  ဆရာကြီး အကြောင်း မင်း ချဲ့ကားပြောခဲ့တာ မဟုတ်ဘူးဆိုတာ သေချာတယ်မလား....

ဤအကြောင်းကို သူမ မေးသည်မှာ ခြောက်ကြိမ်တိတိ ရှိလေပြီ။
တာအိုကျင့်ကြံသူရှင်းဟီ ကို့ရိုးကားယား ပြုံးနေရကာ  မင်းသမီးခုနစ်၊ သေချာပါတယ် ခင်ဗျာ....

ဟုတ်ပြီ... ခရီးဆက်ရအောင်....

တောင်တက်လမ်းကျဉ်းလေးကို အမျိုးသမီးက ဖြည်းညှင်းစွာ လျှောက်၍ တက်လာခဲ့ သည်။

စင်စစ်တော့ သူမမှာ အပြင်ပန်းကဲ့သို့ တည်ငြိမ်နေခြင်း မဟုတ်ချေ။ တောင်ထိပ်သို့ နီးလာ သည်နှင့် စိတ်ပူပန်မှုများလည်း တရွေ့ရွေ့တိုးလာရသည်။ အမျိုးသမီး၏ နှလုံးသား အခုန်မြန်နေခဲ့သည်။

ထိုနေ့က တာအိုကျင့်ကြံသူပြောပြခဲ့သော ဖြစ်ကြောင်းကုန်စဉ်သည် သူမကို အလွန်တရာ ထိတ်လန့်စေခဲ့သည်။ နေ့များ ကုန်လွန်လာသော်လည်း သူမကမူ တုန်လှုပ်နေဆဲပင်။ တတ်နိုင်သမျှ အမြန်ဆုံး အလည်လာလိုက်ချင်သော်လည်း ဆရာကြီးအနှောင့်အယှက် ဖြစ်မည်ကိုလည်း ကြောက်ရသည်။

ကျုပ်ကဆရာကြီး(1-ongoing)Donde viven las historias. Descúbrelo ahora