66

1.2K 180 3
                                    

Uni
========
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၆၆
(ဆယ်နှစ်)

ကွမ်းလောင် မင်မော်တယ်မင်းဆက်၏ အနောက်ဘက်အရပ် မိုင်တစ်ထောင်အဝေးတွင် လင်းယွင် အင်မော်တယ်ခုံရုံး၏ ပိုင်နက် ရှိလေသည်။ အစိမ်းရောင်တောအုပ်လေး ကာရံထားပြီး ၄င်း အနောက်၌ရှိသော အဓိကခန်းမအား အစိမ်းရောင်နှင့်အပြာရောင် အုပ်ခြပ်များဖြင့် အလှဆင်ထားသည်။

မတူကွဲပြားသော ဘေးခန်းမများမှာ ထို အဓိကခန်းမကြီး အား ဝန်းရံနေ၏။ အထဲတွင် ခန်းမထဲ၌ လူများ ပြည့်နှက်နေပြီး စကားသံတို့ ဆူညံနေလေသည်။  အဓိက ခန်းမဖြစ်စေ ဘေးခန်းမများဖြစ်စေ ၎င်းတို့အား မြူခိုးတို့က ဖုံးလွှမ်းထားပြီး အရာအားလုံး မသဲကွဲဖြစ်နေကြသည်။

ထိုမြူခိုးများက ကောင်းကင်ထက်ရှိ တိမ်စိုင်များအလား သိပ်သည်းနေခဲ့၏။

ဝုန်း...

ရုတ်တရက် အဓိကခန်းမကြီးမှာ ပေါက်ကွဲသွားသည့်အလား လှုပ်ခါသွားခဲ့သည်။ ကြီးမားသည့် အားလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ထက် လေစက်ဝန်းတစ်ခု ဖွဲ့တည်ပြီး အနီးနားရှိ စိတ်ဝိညာဉ်ချီများအား အငမ်းမရစုပ်ယူသွားသည်။

ပတ်ဝန်းကျင်ရှိ မြူခိုးများ အားလုံးက လေထဲတွင်ပင် စုပ်ယူခြင်းခံရပြီး ပျောက်ကွယ်သွားခဲ့၏။

ဂိုဏ်းခေါင်းဆောင် တံခါးပိတ်ကျင့်ကြံနေရာက ထွက်လာတော့မှာလား ...

ဒါက အဆင့်ချိုးဖျက်ချင်းရဲ့လက္ခဏာတွေပဲ...

မြန်မြန်လုပ် ငါတို့ စိတ်ဝိညာဉ်ချီ တွေကို အာရုံစိုက်ပြီး ဂိုဏ်းခေါင်းဆောင် အဆင့်ချိုးဖျက်တာကို ကူညီပေးလိုက်ကြရအောင်....

လင်းယွင် အင်မော်တယ်ခုံရုံးရှိ တပည့်များစွာမှာ ပျော်ရွှင်မှု တို့နှင့် ပြည့်နှက်သွားသည်။ သူတို့အားလုံးက ကောင်းကင်ထက်ရှိ တိမ်စိုင်များကို စေညွှန်၍ အဓိက ခန်းမထဲသို့ စုဝေးစေကြသည်။

ရုတ်ချင်း ကြီးရင့်သော ကျင့်ကြံသူကြီးသုံးယောက် သည်လည်းပဲ လေထဲ ထွက်ပေါ်လာကာ အဓိကခန်းမကြီး၏ ခေါင်မိုးထက်၌ သက်ဆင်းသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now