110+111+112+113

1.3K 173 4
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၁၀
(တောက်ပနေသော အစားအစာ)

လျိုရှီယူသည် ချင်မင်ယွင်အား တိုးညှင်းစွာပြောလိုက်သည်။
အမမင်ယွင် ကျွန်မတို့တော့ ကံကောင်းတာပဲ

ချင်မင်ယွင် သူမအား ကြည့်လိုက်သည်။
ဒီ စွတ်ပြုတ်ကြောင့်လား

ဒါပေါ့
ချင်မင်ယွင် မျှော်လင့်တကြီး ခေါင်းညိတ်လိုက်သည်။
ကျွန်မ ဒီအိမ်မှာ အစားစားရဖို့ မျှော်လင့်နေတာ ကြာပြီ...အခုတော့ အခွင့်အရေးရပြီလေ

အမသိတယ်မို့လား.... ကျွန်မသခင်လေးလီနဲ့ ပထမဆုံးတွေ့တုန်းက ဖရဲသီးတွေ စားလိုက်ရတယ်...ခံစားမှုက လုံးဝ အံသြစရာ ပဲ.... အရမ်း အရသာရှိတယ်လေ.... ပိုထူးခြားတာက ဖရဲသီးထဲမှာ ဥာဏ်အလင်းတွေနဲ့ စိတ်ဝိဥာဉ်ချီစွမ်းအင်တွေ ပါနေတယ်.....အများကြီးတော့ မဟုတ်ပေမယ့် အခြေခံအုတ်မြစ်အဆင့် ကို ချိုးဖြတ်နိုင်သွားတယ်...  ဒုတိယအကြိမ် ဒီကို ကျွန်မ အမေနဲ့အတူ လာတော့လည်း ကျားသစ်ဟင်းစားခဲ့ရတယ်.... အရသာကလေ....ေ တွးကြည့်ရုံနဲ့တင် သွားရည်ကျလာပြီ

လျိုရှီယူသည် သူမပါးစပ်၏ ထောင့်စွန်းမှ သွားရည်များအား သုပ်လိုက်လေသည်။ သူမ၏ မျက်နှာအမူအရာသည် သူမအား သစ္စာဖောက်ကာ အစားစားသောက်ခြင်းအား နှစ်သက်သော သူမ၏ စိတ်အား ပေါ်လွင်စေသည်။

ချင်မင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း မျှော်လင့်ချက်များပြည့်နှက်နေသည်။ ထင်ထားသည်ထက်ပင် သူမသည် ပို၍မျှော်လင့်နေလေသည်။

သူမသည် ဆရာကြီး၏ ဟင်းလျာများကိုမစားဖူးသော်လည်း သူ၏ လက်ဖက်ရည်အား သောက်ခဲ့ဖူးလေသည်။ လက်ဖက်ရည်သည် စိတ်၏ ဥာဏ်အသိအမြင်များ ပွင့်လာစေသည်။

အိမ်ထဲတွင်ရှိနေသော လေများပင်လျှင် သန့်စင်သော စိတ်ဝိဥာဉ် ချီစွမ်းအင်များ ပါရှိနေလေသည်။ ထို့ကြောင့် ဆရာကြီး၏ ဟင်းလျာများမှာ မည်မျှ အဖိုးတန်၍ အရသာရှိသည်အား တွေးကြည့်ရုံဖြင့် သိနိုင်လေသည်။

အဲ့ဒါဟာ ဆရာကြီးတစ်ယောက်ဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှုတွေလား.....

ကျုပ်ကဆရာကြီး(1-ongoing)Tahanan ng mga kuwento. Tumuklas ngayon