65

1.2K 180 1
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၆၅
(မင်းရူးနေလား)

ထန်း...ထင်း..ထင်း...
ဂီတတေးသွားသံမှာ ဆက်လက်ထွက်ပေါ်နေခဲ့သည်။ လျောင်မန်ကျိ မျက်လုံးအား မှိတ်ထားပြီး သူ့ကိုယ်သ ူတည်ငြိမ်စေရန်အတွက် အသံပြင်းတစ်ချက်ရှူသွင်း လိုက်သည်။

သူ၏ မျက်လုံးများ နောက်တစ်ကြိမ် ပွင့်လာခဲ့ကာ အကြည့်များထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသည့်ဟန်တို့ ပါဝင်နေခဲ့၏။ သူ ထိုတေးသွားအား နားလည်အောင် ကြိုးစားပြီး ဉာဏ်အလင်းများကို ခံစားမည်ဟု ဆုံးဖြတ်လိုက်သည်။

တူရိယာ ကျင့်ကြံသူအနေနဲ့ ငါ့တစ်ဘဝလုံး ဘာတွေလုပ်နေခဲ့တာလဲ ......ဘာကြောင့်မို့ငါ အသုံးမကျပဲ ဒီလိုအခွင့်ရေးမျိုးကိုငါ အလွတ်ခံရမှာလဲ ....

သူ၏မျက်လုံးများက နီရဲနေခဲ့ကာ အဖြူရောင်ဆံပင်များက လေနှင့်အတူ လွင့်မျောနေသည်။ သူက အဖိုးကြီးတစ်ဦးအဖြစ်မှ ရဲရင့်သည့်စစ်သည်တစ်ဦးအလား ပြောင်းလဲသွားခဲ့ကာ သူ့ဆီ တိုးဝင်လာသော ဉာဏ်အလင်းများအား ရှောင်လွှဲမနေတော့ပဲ ကြိုးစားစုပ်ယူလိုက်သည်။

ဒီတေးသွားက ဒီကမ္ဘာက အရာမဟုတ်တာဖြစ်နိုင်တယ်....

ဒါက အင်မော်တယ်တွေရဲ့ ဂီတသံပဲ ....

လီနင်းဖန်က သူ့အတွက် တီးခတ်ပေးနေခြင်းဖြစ်သည်။ ၎င်းက သူ့တစ်ဘဝလုံး စုတ်ပြတ်သတ်သွားလျှင်တောင်မှ အကြီးမားဆုံးသော ကောင်းချီးတစ်ခုပင်ဖြစ်၏။ သူသာ ထိုအခွင့်အရေးကို လက်လွတ်သွားမည် ဆိုပါက ကျင့်ကြံခြင်း၌ ဘယ်တော့မှ အောင်မြင်တော့မည် မဟုတ်ချေ။

ထိုအဆုံးမရှိသည့် ဉာဏ်အလင်းများ အောက်တွင် သူ၏စိတ်ဝိညာဉ်မှာ မုန်တိုင်းထဲမျော့လွင့်နေသည့် လှေငယ်လေးအလား ဖြစ်ပေသည်။ ၎င်းက မညိသည့်အချိန်မဆို နစ်မြုပ်သွားဟန်ရ၏။ သို့သော်သူ ထိပ်လန့်မသွားခဲ့ချေ။ တိုးဝင်လာသည့် ဉာဏ်အလင်းများကို ခံယူကာ ရဲရင့်စွာဖြင့် နစ်မျောနေခဲ့သည်။

သေခြင်းကို ကြောက်ရွံခြင်းမရှိကာ သူ၏ နတ်ဘုရားအာရုံကို သီချင်းသံစဉ်ထဲတွင် အာရုံစိုက်ထားပြီး မည်သည့် အရာမှ အလွတ်မခံတော့ချေ။ ဂီတသံစဉ်မှာ ဆက်လက်ပြောင်းလဲနေခဲ့သည်။ လျောင်မန်ကျိ ၏ နှုတ်ခမ်းထောင့်စွန်းမှ လက်ဆတ်သည့်သွေးများ ကျဆင်းလာခဲ့ပြီး မျက်လုံးများသည်လည်း နီရဲနေသည်။ ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းသလို တုန်လှုပ်စရာလည်း ကောင်းလှ၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now