Chapter 385

384 27 0
                                    

စာစဉ် 26 Chapter 385 လိပ်ပုံ ရေးဆွဲခြင်း

လူအုပ်ကြီးသည် ရဲ့လင်းချန်၏ နောက်ဆုံးစကားကို မသိချင်ယောင်ဆောင်ထားကြသည်။

*ဟီးဟီး ဒါ သူ့ပုံမှန် လေကျယ်တာ သက်သက်ပဲကို၊ သူ့ကို စိတ်ထဲ ထားမနေတော့ဘူး*

"ကျွန်တော် ယုံပါတယ်"

ဆက်တိုက် ယပ်ခတ်နေသော ချန်ချီချီက အားတက်သရော ခေါင်းညိတ်သည်။

"သခင်လေးရဲ့ ချက်တဲ့ ယာဂုမပြောတဲ့ သူ့ရဲ့ လေလည်သံကတောင် မွှေးနေမှာပါ"

ကျောက်လျန့်ရင်က ချန်ချီချီကို ရွံရှာသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ သူမ ဤလူနှင့် ခပ်ဝေးဝေးသို့ ခွာရပ်လိုက်မိသည်။ ယင်းက အလွန် အရှက်မဲ့လှပြီး သူမအတွက် မျက်စိ စပါးမွှေး စူးလွန်း လှသည်။

အချိန်တစ်ခုအထိ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ သူတို့ လုပ်နေသည့် အရာဟူ၍ အိုးကို ကြည့်နေခြင်းသာ ရှိပေသည်။

"ငါတို့ ကဒ်လေး တစ်ပွဲလောက် ကစားကြမလား"

ထိုစဉ် ချန်မိန်ကျားသည် စိတ်မရှည်တော့သဖြင့် စကား စပြောလာသည်။

"အကြံကောင်းပဲ၊ ငါတို့မှာလည်း ဘာမှလုပ်စရာမှ မရှိတာ"

ဟူရီဖေးက ချက်ချင်း ပြန်ပြောသည်။ သုံးယောက်သား အဖွဲ့ဖွဲ့၍ မြေသခင်အား တိုက်ခိုက်ခြင်း တစ်ပွဲလောက် ကစားကြလေသည်။

"အစ်မဖေးဖေး ငါတို့လည်း တစ်ပွဲလောက် ကစားမလား"

ကျောက်လျန့်ရင်သည် မိန်းကလေးသုံးယောက်ကို လှမ်းကြည့်နေ၏။ သူမမျက်ဝန်းတွင် အားကျစိတ်တို့ ပြည့်နေသည်။ သူမသည်လည်း ကဒ်ကစားရသည်ကို သဘောကျသည့် လူတစ်ယောက် ဖြစ်နေလေသည်။

"လင်းချန် ငါတို့နဲ့ ဝင်ကစားမလား"

ရှောင်ဖေးဖေးက ချက်ချင်း ရဲ့လင်းချန်ကို လှမ်းကြည့်သည်။

"မင်းတို့ မိန်းကလေးတွေပဲ ကစားကြပါ၊ ကျွန်တော် စိတ်မဝင်စားဘူး"

ရဲ့လင်းချန်က လက်အသာဝှေ့ယမ်း၍ ပြောလိုက်သည်။

သူ၏ လောင်းကစားစွမ်းရည်နှင့်ဆိုလျင် သူတို့နှင့် ကစားခြင်းက သူ့အတွက် အနိုင်ကျင့်ရာသာ ကျနေပေ လိမ့်မည်။ သူတို့က သူ့ကို စိန်ခေါ်နိုင်သည့်သူများ မဟုတ်ပါ။ သူသည် လှဲ၍ ညကောင်းကင်ယံကို ခံစားခြင်းက ပို၍ သက်တောင့်သက်သာ ရှိသည်ဟု ခံစားမိသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now