Chapter 349

424 41 0
                                    

စာစဉ် 24 Chapter 349 စိတ်တထင့်ထင့်ဖြစ်နေသော ရဲ့လင်းချန်

ချန်ရှောင်ယန်သည် သိပ်ကိုလှပလွန်းသည်။ အထူးသဖြင့် ယခုကဲ့သို့ လရောင်အောက်တွင် ဖြစ်သည်။ သူမအား ငွေမှင်ရောင် အလင်းတန်းတစ်လွှာက ဖုံးအုပ်ထားသည်ဟု ထင်မှတ်မှားရသည်။

ရဲ့လင်းချန်သည် ပြုံးနေသော ချန်ရှောင်ယန်ကို တစ်ခဏမျှ ကြည့်နေပြီးနောက် သူ့နှာခေါင်းကိုပွတ်၍ မနေတတ်စွာ အကြည့်လွှဲလိုက်ရသည်။

"ရှင် ကျွန်မနဲ့ အဖော်လုပ်ပြီး ကမ်းစပ်မှာ လမ်းလျှောက်ပေးနိုင်မလား"

ရုတ်တရက် ချန်ရှောင်ယန်က မေးလာသည်။

"အင်း"

ရဲ့လင်းချန် အပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် နှစ်ယောက်သား ကမ်းခြေ၌ တိတ်ဆိတ်စွာ လမ်းလျှောက် ကြသည်။

တိတ်ဆိတ်နေသော ညတာနှင့် ပင်လယ်လေညင်းတို့အောက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က စကားတစ်ခွန်းမှ မပြောဘဲ ကမ်းခြေ၌ လမ်းလျှောက်နေကြလေသည်။

ထိုအတောအတွင်း ချန်ရှောင်ယန်က ရဲ့လင်းချန်၏ မျက်နှာကို ကြည့်ရန် အလို့ငှာ ခဏခဏ စောင်းငဲ့ကြည့်သည်။ သူမ၏ မျက်လုံးများက ရီဝေနေပြီး အချိန်နှင့်အမျှ တိတ်တခိုး ပြုံးနေ၏။

"ဝိုင်၊ နင်က တအား ငယ်တာလား"

ချန်ရှောင်ယန်က ရုတ်ချည်းဆိုသလို မေးခွန်းထုတ်လာသည်။

ရဲ့လင်းချန်၏ နှုတ်ခမ်းထောင့်က မသိမသာ ကွေးတက်လာပြီး ခေါင်းခါပြလိုက်သည်။

"ငါ မငယ်မှန်း မင်း သိပါတယ်"

ချန်ရှောင်ယန် အနည်းငယ် မှင်တက်သွားပြီးနောက် ရှက်သွေးဖြာသွားလေသည်။ သူမသည် မရည်ရွယ်ဘဲ ပါးစပ်ထောင့်ကို လက်ဖြင့် သုတ်လိုက်မိပြီး သူ့အား စိတ်ပျက်သလို အကြည့်လွှဲလိုက်သည်။

"ယောက်ျားတွေအားလုံးက အတူတူပဲ"

"ဟေ့ အထင်မလွဲနဲ့လေ၊ ငါက ဖိအားပေးခံရတဲ့သူပါ၊ ဟုတ်ပြီလား"

ရဲ့လင်းချန်က ခါးသက်စွာ ပြုံး၍ ပြောလေသည်။ ချန်ရှောင်ယန်က လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး ရဲ့လင်းချန်အား လှည့်ကြည့်၍ သူမ၏ နီရဲနေသော လျှာလေး ထုတ်ကာ နှုတ်ခမ်းကို သပ်လေသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now