Chapter 244

572 75 2
                                    

စာစဉ် 17 Chapter 244 ရုံတင်ပြသခွင့် ထပ်တိုးခြင်း

ရှောင်ကောသည် ပုံမှန်အားဖြင့် သူ့စာဖတ်သူများကို အမျိုးအစားအလိုက် ရုပ်ရှင်များကို ညွှန်းတတ်သည်။ သို့သော် ယနေ့တွင် သူသည် ရုပ်ရှင်တစ်ကားတည်းကိုသာ ညွှန်းဆိုလေသည်။ သူ စိတ်နှစ်၍ မှတ်ချက် ပေးထားသည့် ထူးခြားသော ရုပ်ရှင်ကားတစ်ကားပင်တည်း။
ဟော်ရန်ကျားက သူ့အတွက် မည်မျှ အရေးပါသလဲ သိသာပေသည်။
"ငါ ဘယ်လို ပြောရမလဲ၊ အစတုန်းက ငါလည်း မင်းတို့လိုပဲ၊ ဟော်ရန်ကျားအပေါ် သိပ်ပြီး မျှော်လင့်မထားဘူး၊ တကယ်ဆို ဒါက လီထိုက်ရဲ့ ပထမဆုံး ရုပ်ရှင်ကားလေ၊ သူတို့ သရုပ်ဆောင်တွေထဲမှာ နာမည်ကျော် စူပါစတားတွေ မပါဘူး၊ ဝိုင်က ထောက်ပံ့တယ်ဆိုရင်တောင်မှ ဝိုင်က သရုပ်ဆောင်တဲ့အထဲမှာ မပါဘူးလေ၊ အဲ့ဒါကြောင့် ဒီရုပ်ရှင်အပေါ် ထားတဲ့ မျှော်လင့်ချက်က တော်တော်လေး နည်းတယ်"
"နောက်တော့ ဟော်ရန်ကျားရဲ့ အဆင့်တွေက တစ်ချိန်တည်း အတူတူ ရုံတင်နေတဲ့ တခြားဟာတွေနဲ့ ယှဉ်လိုက်ရင် လုံးဝ ပြုတ်ကျနေတာ၊ ငါ မကြည့်ဖို့ စဉ်းစားထားပြီးသား ဒါပေမဲ့ မနေ့က ဝိုင်ရဲ့ "တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူ့မဆိုကို ဘယ်လောက်ဝေးတဲ့ နေရာက ဖြစ်ပါစေ အနိုင်ယူရမယ်" ဆိုတဲ့ စကားက ငါ့ကို စိတ်ဘဝင် ခိုက်သွားစေပြီး လက်မှတ်ဝယ်အောင် လုပ်ခဲ့တာပဲ"
"ဒီရုပ်ရှင်ထဲမှာ ငါ့ကိုယ်ငါ မြင်နေရတယ်၊ လူတိုင်းရဲ့ ကြီးပြင်းလာတဲ့ ပုံစံက မတူညီဘူး၊ နောက်ဆုံး တူညီတဲ့ အချက် ကတော့ နိုင်ငံအတွက် တိုက်ပွဲဝင်တာပဲ ဖြစ်လိမ့်မယ်"
"စပွိုင်းသလို ဖြစ်တာကို ရှောင်ဖို့အတွက် ငါ ဒီမှာပဲ ရပ်လိုက်တော့မယ်၊ ဟော်ရန်ကျားကို ကြည့်ဖို့ ငါ လုံးဝ ထောက်ခံတယ်၊ ထောက်ခံတဲ့ အဆင့်က အမှတ်ပြည့် အပေါင်း ကြယ်တစ်ပွင့်ပဲ"
ရှောင်ကောက ဝေ့ပေါ်၌ တင်လိုက်ပြီးသည်နှင့် မရေတွက်နိုင်သော တုံ့ပြန်စာများနှင့် နှစ်သက်မှုများကို ရရှိလေသည်။
[စီနီယာ ရှောင်ကောလည်း ဟော်ရန်ကျားကို ကြည့်တာလား၊ ငါလည်း ကြည့်ပြီးပြီ၊ အဲ့ဒါက တကယ် လွှမ်းမိုး နိုင်တယ်]
[ဆရာ ရှောင်ကောက ကျုပ်စိတ်ထဲကအတိုင်း ပြောသွားတာပဲ၊ ဒီရုပ်ရှင်က တကယ် ကောင်းတယ်၊ မကြည့်မိရင် နောင်တရမှာ]
[ငါ များများစားစား ပြောမနေတော့ဘူး၊ အပြည့်အဝ ထောက်ခံတယ်]
[ဆရာရှောင်ကောရဲ့ အကျဉ်းချုပ်စကားက လုံးဝ လိုရင်းတိုရှင်းကျတယ်၊ ဟော်ရန်ကျားက အတိတ်က တရုတ်နိုင်ငံ အကြောင်း ပြသပြီးတော့ တရုတ်လူမျိုးတွေရဲ့ စိတ်ဓာတ်ကို နားလည်လာစေတာ]
[ချီးပဲ လူတိုင်းက ဒါပဲ ပြောနေတာပဲ၊ ငါရော ဟော်ရန်ကျားကို မကြည့်ချင်ဘူးလို့ ထင်နေလား၊ ငါ လက်မှတ် ဝယ်မရတာကွ]
[အပေါ်ကလူ ပြောတဲ့အတိုင်းပဲ၊ ဟော်ရန်ကျားရဲ့ ရုံတင်ပြသချိန်က ဘာလို့ အရမ်း နည်းနေတာလဲဆိုတာကို ငါ သိချင်တယ်၊ ဒါ လုံးဝ အဓိပ္ပာယ် မရှိဘူး]
[နောက်သုံးရက်အတွက် လက်မှတ်အားလုံးက ရောင်းကုန်သွားပြီ၊ ဒါ ဘယ်လို ချီးထုပ် ရုပ်ရှင်ရုံလဲ၊ အမှိုက်ဆန်တဲ့ ရုပ်ရှင်တွေအတွက်ကျတော့ ရုံတင်ချိန်က အများကြီးပဲ]
...
မကြာခင်မှာပင် ထိုဝေ့ပေါ်ပို့စ်က နာမည်ကြီးနေသော ရှာဖွေမှုစာရင်း၌ ပါသွားလေသည်။ လူတိုင်းက ဝိုင်ကို အားပေးရန် ကြိုးစားခဲ့ကြသည်။ ယခု ဟော်ရန်ကျားက ကောင်းသည်ကို ကြားလိုက်ရသောအခါ သူတို့ ကြည့်ချင်စိတ် ပိုထက်သန်လာ၏။
သို့သော် ရုပ်ရှင်ရုံအားလုံးနီးပါးက တစ်နေ့တွင် ရုံတင်ချိန် တစ်ချိန် သို့မဟုတ် နှစ်ကြိမ်သာ ပေးထားလေသည်။ ယင်းက လုံးဝကို ရယ်ချင်စရာ ကောင်းလှပြီး လက်မှတ်များ ရောင်းမလောက် ဖြစ်လာစေသည်။
နောက်လဝက်အတွက် လက်မှတ်များအားလုံး ရောင်းကုန်သွားသည်။ ထို့အပြင် ဟော်ရန်ကျား၏ ရုံတင်ပြသချိန်ကို တိုးပေးရန် အများပြည်သူများ၏ တောင်းဆိုသံများ ညံလာလေသည်။
လူတော်တော်များများက ၁၂၃** သို့ ဖုန်းဆက်၍ ဝယ်သူများ အဖွဲ့အစည်းသို့ စောဒက တက်ကြသည်။
"ဟဲလို ဒါ ဝယ်သူများ အဖွဲ့အစည်းကပါ၊ ဘာများ ကူညီပေးရပါမလဲ"
"ကျွန်တော် ရုပ်ရှင်ရုံနဲ့ ပတ်သက်ပြီး တိုင်ချင်လို့ပါ၊ ကျွန်တော် ဟော်ရန်ကျားကို ကြည့်ချင်တာကို ရုပ်ရှင်ရုံက ရုံတင် ပြသခွင့်ကို ကန့်သတ်ထားတယ်၊ သူတို့ ရုံတင်ခွင့် ပေးထားတဲ့ ရုပ်ရှင်တွေအားလုံးက အမှိုက်တွေချည်းပဲ၊ ရုံတင်ချိန် နည်းတာက ဝယ်သူကို စော်ကားတာပဲ"
"ဒါ ရုပ်ရှင်ရုံရဲ့ စီမံမှုပါ၊ သင် အဲ့အချိန်မှာ တခြားရုပ်ရှင်ကို ကြည့်ဖို့ ရွေးချယ်နိုင်ပါတယ်"
"ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် ဟော်ရန်ကျားကို ကြည့်ချင်တယ်၊ ဒီရုပ်ရှင်ရုံက ချီးထုပ်ပဲ၊ ကျုပ် တိုင်ဦးမယ်"
...
ဟော်ရန်ကျားက ချက်ချင်း နာမည်ကြီးလာလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။
တစ်နေ့တည်းနှင့် ၎င်း၏အဆင့်က ၇.၈မှ ၈.၈ သို့ ရောက်လာသည်။ ရုံတင်ပြသချိန်က အကန့်အသတ် ဖြစ်နေသော အခြေအနေမျိုးမှာပင် ဤသို့ ရလာခဲ့လေသည်။
ကောင်းကင်ဘုံက ဘယ်သောအခါမှ ကောင်းသောအရာများကို ကျရှုံးခွင့် မပေးချေ။
ဟော်ရန်ကျားကဲ့သို့သော အဆင့်ရှိသည့် ရုပ်ရှင်ကားတစ်ကားက အခွင့်အရေးတစ်ခုသာ လိုအပ်ပေသည်။ အခွင့်အရေး ရလာသည်နှင့် ၎င်းက ချက်ချင်း ရေပန်းစားလာမှာပင်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရဲ့လင်းချန်က ထိုအခွင့်အရေးကို ဖန်တီးခဲ့သည်။
လူတော်တော်များများသည် ဟော်ရန်ကျားကို ကြည့်၍မရနိုင်သောကြောင့် ပျင်းရိလာကြသည်။ သူတို့ ရွေးချယ်စရာ မရှိသဖြင့် ငါက သူရဲကောင်းကို အာရုံပြောင်းလိုက်လေသည်။
မကြာခင်မှာပင် နောက်ထပ် ရေပန်းစားမှုတစ်ခု စတင်လာ၏။ သို့ရာတွင် ၎င်းက ဆန့်ကျင်ဘက် သက်ရောက်မှုပင်။
[ချီးပဲ ဘယ်လိုလုပ် ဒီလို အမှိုက်ဆန်တဲ့ ရုပ်ရှင်က ဒီလောက် ရုံတင်ပြသခွငင့်တွေ များနေတာလဲ၊ ရုပ်ရှင်ရုံက ရူးနေတာပဲ ဖြစ်မယ်]
[တစ်ကားလုံး ဝူဟန်ရဲ့ မျက်နှာကို အနီးကပ် ရိုက်ပြတာနဲ့ ပြည့်နေတာ၊ သူ တံတွေးမျိုချလိုက်ပုံကတောင် အနီးကပ် ပါနေသေးတယ်၊ ဒါ ဘယ်လိုရုပ်ရှင်ကားလဲ၊ ဒါက အပျော့စား အပြာကားနဲ့တောင် ပိုတူနေသေးတယ်]
[ဒါက အက်ရှင်ရုပ်ရှင်လား၊ နောက်နေတာပဲ ဖြစ်မယ်]
[ငါ သိချင်တာကလေ၊ ဘယ်လိုလုပ် ဒီရုပ်ရှင်က ဒီလောက် ရုံတင်ပြသခွင့်တွေ များနေတာလဲ၊ ဒါ ရုပ်ရှင်ကား နယ်ပယ်တစ်ခုလုံးကို စော်ကားလိုက်တာပဲ]
[ချီးပဲ ဝူဟန်က လက်မှတ်တွေ ဝယ်ပြီး ဟော်ရန်ကျားကို အဆင့် သတ်မှတ်ချက် နည်းအောင် တမင် လုပ်တာ ဖြစ်မယ်၊ အရှက်ကို မရှိဘူး]
[ရုပ်ရှင်ကား နယ်ပယ်က ဝူဟန်လို မိန်းမလို မိန်းမရကောင်ကြောင့် ပျက်စီးပြီ]
[နောက်ပိုင်း ရုပ်ရှင်ကားကောင်းတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲကောင်းတွေ မရှိတော့တာ မဆန်းတော့ဘူး၊ ဒါတွေအားလုံးက အဲ့ငပျော့တွေကြောင့်ပဲ၊ ပြီးတော့ ဒီငပျော့တွေကြောင့် "အရှေ့အာရှရဲ့ ငပျော့ကောင်" ဆိုတဲ့ ဆိုင်းဘုတ်ကို ရလာတာ၊ ယီးပဲ]
[မင်းတို့သိလား၊ ငါ ဝူဟန်ကို အားပေးမလား၊ ဝိုင်ကို အားပေးမလားဆိုတဲ့ စကားရည်လုပွဲ ပြီးတော့ ငါ့ကောင်မလေးနဲ့ ငါ ပြတ်သွားတယ်]
[အပေါ်ကလူ၊ မင်းက အံ့ဩဖို့ကောင်းတယ်၊ ငါ မင်းကို အားပေးပါတယ်]
[ဒါမှ တကယ့် ယောကျ်ားကွ၊ ကောင်းတယ်]
...
ရဲ့လင်းချန် ယေယာဉ်ပေါ်မှ ဆင်းလာပြီးပြီးချင်း ဖုန်းကို ဖွင့်လိုက်သည်။ လွတ်သွားသော ဖုန်းခေါ်ဆိုမှု နှစ်ခုရှိကြောင်း ပြလာ၏။
လီထိုက်က ခေါ်ထားခြင်း ဖြစ်လေသည်။ ရဲ့လင်းချန် သူ့ကို ချက်ချင်း ပြန်ခေါ်လိုက်သည်။
"သခင်လေးရဲ့ သတင်းကောင်းဗျို့"
လီထိုက်၏ အသံတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ ရဲ့လင်းချန်က သူ တံတွေးမျိုချသံကိုပင် ကြားနေရသည်။
"ရုပ်ရှင်ရုံက ကျုပ်တို့ကို ရုံတင်ပြသခွင့် ထပ်တိုးပေးလိုက်ပြီ၊ ငါးရာခိုင်နှုန်းကနေ ငါးဆယ် ရာခိုင်နှုန်းကိုဗျ"
ဟော်ရန်ကျားသည် သူ ပထမဆုံး ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားဖြစ်သဖြင့် သူ အတော်လေး အားထုတ်ထားသည်။ အစမှ အဆုံးတိုင် သူ ဂရုတစိုက် ပြင်ဆင်ခဲ့သည်။ ဤသို့သော မမျှတသည့် ဆက်ဆံမှုနှင့် ကြုံရသောအခါ လီထိုက် ဘာမှမလုပ်ဘဲ အမှားလုပ်ခံရသလို ခံစားမိသည်။ သို့သော် ယခုအခါတွင် အခြေအနေက တိုးတက်လာပြီး သူ ပျော်မြူးနေ၏။
"ဟင် ... အဲ့လိုကိစ္စမျိုး ရှိတာလား"
ရဲ့လင်းချန် အံ့ဩသွားသည်။
ရုပ်ရှင်ရုံ၏ ရုံတင်ပြသခွင့်တွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ရုပ်ရှင်ကားတစ်ကား၏ ရုံတင် ပြသခွင့်က အချိန်ကုန်လာသည်နှင့်အမျှ နည်းသထက် နည်းလာလေ့ ရှိသည်။ ထို့ကြောင့် Box Office ရောင်းအားက ဝုန်းခနဲ မြင့်လာပြီး ယာယီ အထောက်အပံ့ ဖြစ်လာပေမည်။
"သခင်လေးရဲ့ မသိဘူးလား၊ မနေ့က ဝိုင်နဲ့ အရှေ့တောင်အာရှသားတို့ရဲ့ ဗွီဒီယိုကြောင့် လူတွေက ကျုပ်တို့ ဟော်ရန်ကျားကို လာကြည့်ကြတာ"
လီထိုက် ရှင်းပြသည်။
ရဲ့လင်းချန် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်မိသည်။ မနေ့က ဗွီဒီယိုက ဟော်ရန်ကျားအပေါ် ဤမျှ သက်ရောက်မှု ကောင်းလိမ့်မည်ဟု သူ ထင်မထားမိပါ။ လုံးဝကို အံ့ဩစရာပင်။
"ပြီးတော့ အခု လူတွေက ရုပ်ရှင်ကို ပိုကြည့်လာပြီးတော့ ကျော်ကြားမှုက တိုးလာတယ်၊ မကြာခင် အဆင့်တွေက ကိုးကို ရောက်လာတော့မယ်၊ ဒီရုပ်ရှင်တွေကို လူတွေက ပိုပိုကြည့်လာမှာ"
လီထိုက်က ကလေးသဖွယ် ပြောဆိုနေသည်။ သူသည် ဤရုပ်ရှင်အတွက် အတော်လေး စိတ်ရှည် ကြိုးစားခဲ့ပြီး ယခု သူ့လုပ်အား၏ အသီးအနှစ်ကို တွေ့မြင်ရလေပြီ"
သူ့အပြင် ဝန်ထမ်းများအားလုံးလည်း စိတ်လှုပ်ရျားနေ၏။ အစက သူတို့အားလုံး စိတ်ဓာတ်ကျနေခဲ့သည်။ သို့သော် တစ်ညတညင်းနှင့် သူတို့ အံ့ဩစရာကောင်းအောင် ဦးမော့လာတယ်၊ လီကျင့် ဖြစ်ဖြစ်၊ မိုဟာမက် အလီဖြစ်ဖြစ် သူတို့အားလုံး အောင်ပွဲခံနေသည်.
"မြေယိုး၊ ငါ သိနေတယ်လေ၊ ငါက လက်ဝှေ့ချန်ပီယံပဲကို၊ ဘယ်လိုလုပ် အဲ့လို မိန်းမဆန်တဲ့ကောင်အတွက် ငါက ပြိုင်ဘက် ဖြစ်မှာလဲ"
အလီက အပြုံးကြီးပြုံး၍ ပြောလိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now