Chapter 260

603 49 0
                                    

စာစဉ် 18 Chapter 260 အရေးကြီးသော ကိစ္စ

"မင်းတို့က ဘာလို့ ဗွီဒီယို ရိုက်နေတာလဲ၊ ဆေးရုံဆိုတာက အရေးကြီးတဲ့နေရာကွ၊ ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်တာတွေကို တားမြစ်ထားတာ"

ဆရာဝန်သည် တစ်စုံတစ်ယောက်က သူ့အား ကင်မရာဖြင့် ချိန်လာသည်ကို မြင်ပြီးနောက် အော်ဟစ်လေသည်။ သူက လုံခြုံရေးဝန်ထမ်းကို ကြည့်၍ ကျယ်လောင်စွာ အမိန့်ပေးသည်။

"ငါနဲ့ ဘာမှမဆိုင်တဲ့ ဒီလူတွေကို ငါ့အခန်းထဲက ဆွဲထုတ်သွားစမ်း"

သို့သော် ဆေးရုံ၌ လုံခြုံရေးဝန်ထမ်း အနည်းငယ်သာ ရှိသဖြင့် လူအုပ်ကြီးကို သူတို့ တားနိုင်စွမ်း မရှိပါ။

"ဘာတွေဖြစ်နေကြတာလဲ"

ထိုစဉ် ကျယ်လောင်သော အော်ငေါက်သံတစ်သံ ထွက်ပေါ်လာပြီး လူအုပ်ကြီးက တစ်ခဏမျှ ငြိမ်သက် သွားသည်။

ဂျူတီကုတ် အဖြူရောင်ဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ခပ်သွက်သွက် လျှောက်လာသည်။ သူ့အနောက်၌ ဆရာဝန်များနှင့် သူနာပြုများ ပါလာသည်။

"ဒါ ဆေးရုံက ဒါရိုက်တာချန်ပဲ"

လူတော်တော်များများက တအံ့တဩ ပြော၍ အံ့ဩသော မျက်နှာနှင့် ဘေးကပ်လိုက်ကြသည်။

"ဒါရိုက်တာချန် ရောက်လာပြီ၊ ဒီကိစ္စကို ဘယ်လို ရှင်းမလဲ ငါ သိချင်တယ်"

"သူ ရောက်လာမှတော့ အဲ့လူ ဘာမှမလုပ်နိုင်ဘူးဆိုတာ ရှစ်ဆယ် ရာခိုင်နှုန်း သေချာတယ်၊ ဆေးရုံက နာမည်ရ လာတာနဲ့ လူနာတွေကို မေ့ပစ်တာပဲ"

"ဟုတ်တယ် လူတော်တော်များများက ဆေးရုံကြောင့် ဒုက္ခရောက်ကြတာ၊ ဒါပေမဲ့ ဒေါသထွက်ပင်မယ့် မပြောရဲကြဘူး"

"အခု လူတွေကို အဲလို လုပ်နေတာ ဆေးရုံ ဘယ်နှစ်ခု ရှိနေပြီလြ၊ အားလုံးက ပိုက်ဆံဆိုတာကြီးပဲ"

ဒါရိုက်တာချန်သည် ဆေးရုံ၏ ဒုဒါရိုက်တာ ဖြစ်ပြီး သာမန် ဆရာဝန်များထက် ပို၍ လုပ်ပိုင်ခွင့် ရှိသည်။ သူသည် ဆေးရုံတွင်းမှ သောင်းပြောင်းထွေလာ ကိစ္စရပ်များကို တာဝန်ယူရပြီး ဆရာဝန်များကြားမှ အချင်းများမှုကိုလည်း ကိုင်တွယ်ရသည်။ သူ၏ လုပ်ပိုင်ခွင့်က အားလုံး၌ အကျုံးမဝင်သော်လည်း သာမန်လူများအတွက် သူတို့ဘဝနှင့် ဆက်စပ်နေသဖြင့် အလွန် အရေးပါသည်ဟု မှတ်ယူထားကြသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now