Chapter 295

527 50 0
                                    

စာစဉ် 20 Chapter 295 အိမ်အကူအား ဒုတိယအကြိမ် ဆုံးမခြင်း

နှစ်သက်သူ ထောင်ချီပြီး မှတ်ချက်များက ငါးထောင်ကျော်သည်။

ရဲ့လင်းချန် မှတ်ချက်ကဏ္ဍသို့ ဝင်ကြည့်လိုက်သောအခါ Tik Tok အသုံးပြုသူကို အစွမ်းကုန် အားပေးသော စကားများနှင့် တိုးလေသည်။ ထို့အပြင် ထိုသူများသည် တက္ကသိုလ်မြို့နားဝန်းကျင်၌ နေသူများ ဖြစ်ပုံရသည်။

[မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အစက စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်ကြောင့် ဆိုင်ကို သွားကြည့်ဖို့ စဉ်းစားနေတာ]

[သူတို့ တင်ထားတာတွေက အတုတွေလား၊ လွန်လွန်းတယ်၊ လူ့ကျင့်ဝတ်တွေ ဘယ်ရောက်သွားပြီလဲ]

[ငါ တင်တဲ့လူကို အားပေးတယ်၊ ဒါပေမဲ့ ငါ့အတွက် နေရာလေး လုပ်ပေးလို့ ရမလား၊ ငါ တန်းစီနေတာ သုံးရက် ရှိနေပြီ၊ ဝမ်းနည်းလိုက်တာ...]

[အရှက်ကိုမရှိဘူး၊ ဆိုင်က ဝိုင်ရဲ့နာမည်ကိုတောင် သုံးထားသေးတယ်၊ ဒီဆိုင်ကို ပိတ်သိမ်းလိုက်ဖို့ ငါ ပြင်းပြင်းထန်ထန် အကြံပြုတယ်]

[ဟုတ်တယ်၊ ဝိုင်က နာမည်ကို မှတ်ပုံတင်သင့်တယ်၊ ဒါမှ အခြားသူတွေ တလွဲသုံးပြီး ချောက်ချတာကို ရှောင်လို့ ရမှာ]

...

ထိုTik Tok အသုံးပြုသူက အတော်လေး နာမည်ရှိပုံ ရသည်။ မှတ်ချက်ကဏ္ဍတွင် အားပေးသော အသံများနှင့် ပြည့်နေသည်။ လူတော်တော်များများက ယုံကြည်နေပြီး နောက်ကွယ်မှ အားပေးကြောင်း အော်ဟစ်နေသည်။

ရဲ့လင်းချန် မျက်ခုံးတွန့်သွားသည်။ ထိုဝိုင်အလှကုန်ပစ္စည်းဆိုင်က ကျန်းယွင်ရှီကို သူ စီမံခိုင်းထားသည့်ဆိုင် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ပေသည်။ သူ ဆိုင်ကို သွားခဲသော်လည်း Tik Tok တွင် မြင်ရလိမ့်မည်ဟု ထင်မထားမိပါ။ အထူးသဖြင့် အပုတ်ချခံနေရသည့်အချိန်မျိုးတွင်ပင်။

*အလှကုန်ပစ္စည်း အတုတွေ ဟုတ်လား*

*ဒါ အခြေအမြစ်မရှိတဲ့ ယူဆချက်ပဲ*

ရဲ့လင်းချန်သည် ကျန်းယွင်ရှီကို အခြားသူများထက် ပိုနားလည်ပါသည်။ သူမတွင် အလုပ်ကို အလေးအနက်ထား၍ လုပ်တတ်သော အကျင့်စရိုက် ရှိသည့်အပြင် ဆိုင်ကို လည်ပတ်ရာတွင် အထူး ဂရုစိုက်တတ်သည်။ သူမသည် ၎င်းအား သူမ၏ ဘဝလုပ်ငန်း ပန်းတိုင်အဖြစ် သဘောထားပြီး အခြားသူများထက် ပို၍ အလေးအနက် ထားပေသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now