Chapter 360

487 44 1
                                    

စာစဉ် 24 Chapter 360 ငါတို့တော့သွားပြီ

*ပြေးလမ်းကြောင်းကနေ ဝေးဝေးနေရမယ် ဟုတ်လား*

ဥက္ကဋ္ဌရှုနှင် ကျန်လူများအားလုံး ရင်တုန်သွားကြသည်။ သူတို့ ထိတ်လန့်တကြား ထရပ်လိုက်ကြသည်။

*ဒါ ... တစ်ခုခု မှားနေပြီလား*

သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ပြေးလမ်းကြောင်းမှနေ၍ စူးရှသော ကျွီခနဲ မြည်သံတစ်သံ ထွက်ပေါ် လာသည်။

ထို့နောက် ပြိုင်ကားက တိခနဲ ရပ်သွားသည်။ သို့သော် အားစုစည်းသကဲ့သို့ အင်ဂျင်သံက ပိုကျယ်လောင် လာသည်။

တစ်ခဏအတွင်းမှာပင် သားကောင် ချောင်းနေသည့် ဆာလောင်နေသော ကျားတစ်ကောင်ကဲ့သို့ ပြေးလမ်းကြောင်းပေါ်၌ မြန်နှုန်းအပြည့်ဖြင့် မောင်းထွက်လာသည်။

ထိုသို့သောအချိန်၌ ပြေးလမ်းကြောင်းကို လူပေါင်းများစွာက ဝန်းရံထားသည်။ သူတို့သည် အနီးကပ် ကြည့်နိုင်ရန် တွန်းထိုးနေကြပြီး ခွင့်ပြုထားပါက သူတို့ခန္ဓာကိုယ်ကို ပြေးလမ်းကြောင်းနား ကပ်ထား လောက်သည်။ အခြေအနေက ဤသို့ ရုတ်တရက်ကြီး ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့အားလုံး ဆောက်တည်ရာမရ ဖြစ်ကုန်သည်။

"ဝူး ဝူး ဝူး"

ပြိုင်ကား၏ အင်ဂျင်သံက ညံနေပြီး မသိလျင် သေမင်းတမန်၏ အသံဟုပင် ထင်မှတ်ရသည်။

"လခွမ်း ဘာတွေဖြစ်နေတာလဲ၊ အဲ့ကားက ငါတို့ဆီ လာနေတာလား"

"သူတို့က ငါတို့ကို အသုံးချပြီးတော့ ကားကို ငါတို့ဘေးက ဖြတ်သွားခိုင်းပြီး အလိုအလျောက် မောင်းနှင်ခြင်းရဲ့ အာရုံခံစနစ်ကို ပြချင်နေတာလား"

"မင်းဖင်ကြီးကိုပဲ အာရုံခံစနစ်လုပ်နေလိုက်၊ ပြေးတော့ မြန်မြန်"

"အရူး မင်းဘေးကနေ အရှိန်နဲ့ ဖြတ်မယ့်အစား မင်းကို အရှိန်နဲ့ တိုက်မှာကွ၊ ငိုင်မနေဘဲ ပြေးတော့"

ချက်ချင်းဆိုသလိုပင် ထိုနေရာတစ်ခုလုံး ပျာယာခတ်သွားသည်။ လူတွေက အချင်းချင်း တွန်းတိုက်ကြသဖြင့် တော်တော်များများက လဲကျကုန်သည်။ ဤမြင်ကွင်းက သနားစရာပင်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now