Chapter 310

583 66 0
                                    

စာစဉ် 21 Chapter 310 မင်းတို့ ငါ့ကို ကဗျာဖွဲ့ဖို့ ဖိအားပေးကိုပေးရမှ ဖြစ်မှာလား

ပြောနေစရာပင် မလိုတော့ပေ။ ထိုအဖွဲ့၏ ပါဝင်မှုကြောင့် ကဗျာ ပလက်ဖောင်းတစ်ခုလုံးက သူတို့၏ နယ်မြေအဖြစ် ပြောင်းလဲသွားပြီး ကဗျာများရေးကာ အချင်းချင်း မျက်နှာချို သွေးနေကြလေသည်။

ဝေ့ပေါ်၌ သူတို့ အပြောအဆို ခံနေရသည်မှာ ကြာနေလေပြီ။

[ဒါကြီးက သောက်ကျိုးနည်း ဘာကြီးလဲ၊ ကဗျာကောင်း ဟုတ်လား၊ ငါ့ဖင်ကြီးကို ကောင်းနေလိုက်]

[အရမ်းစိုတာလား၊ သေချာပေါက်ကို စိုနေတာပေါ့၊ စိုနေလွန်းလို့ ငါ ကြည့်တောင် မကြည့်နိုင်ဘူး]

(စကားချပ် ကဗျာကောင်း 好湿 နှင့် အရမ်းစို 好诗ဟူသော စကားလုံးတို့က အသံထွက် ဆင်ပါတယ်)

[စီးပွားရေးအရ အချင်းချင်း မြှောက်ပင့်တယ်ဆိုရင်လည်း အကန့်အသန်လေးတော့ ရှိသင့်ပါတယ်ကွာ၊ ဒါကြီးက စကြဝဋ္ဌာလောက်ထိကို လွန်သွားပြီ]

[ဒီဟာမတိုင်ခင်တုန်းက သူတို့က ဝိုင်ရဲ့ ကဗျာကိုတောင် ဝေဖန်ရဲခဲ့သေးတယ်၊ အခု သူတို့နဲ့ ယှဉ်လိုက်ရင် ဝိုင်က ပညာရှင်တစ်ယောက်လိုပဲ]

[အပေါ်ကလူ၊ မင်း ပြောတာ မှားနေပြီကွ၊ ဝိုင်က နဂိုကတည်းက ပါရမီရှင်လေကွာ]

[ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး၊ တစ်ယောက်ယောက်လောက် ဝိုင်ကို ပုန်းနေရာကနေ ထွက်လာခိုင်းပြီး ကဗျာ နည်းနည်းလောက် ရေးခိုင်းစမ်းပါ၊ အဲ့ဒါမှ ငါ့မျက်လုံးတွေကို ဆေးလို့ရမှာ၊ ငါတို့ တရုတ်စာပေက အဲ့အရူးတွေကြောင့် ညစ်နွမ်းကုန်ပြီ]

...

စောဒကတက်သော အသံများ ဆက်လက် ထွက်ပေါ်နေလေသည်။ သူတို့ ရဲ့လင်းချန်၏ ဝေ့ပေါ် အကောင့်ထံ လာပြောသည်က မထူးဆန်းတော့ပါ။

သို့သော် အင်တာနက်ပေါ်၌ သဘောထား ကွဲလွဲမှု ပိုဖြစ်လေ ထိုအဖွဲ့၏ စိတ်လှုပ်ရှားမှုကို ပို၍ လောင်စာ ထည့်ပေးလိုက်သလို ဖြစ်သွားလေပင်။ သူတို့ တစ်ခါမှ အလွန် မကျော်ကြားဖူးပါ။ ယခု လူအများထံမှ အာရုံစိုက်ခြင်း ခံနေရသဖြင့် သူတို့ စိတ်မလှုပ်ရှားရန် မဖြစ်နိုင်ပေ။

ကျုပ်က ပါရမီရှင် (Chapter 201-400)Место, где живут истории. Откройте их для себя