Chapter 223

607 70 1
                                    

စာစဉ် 15 Chapter 223 လစဉ်မဲပေးခြင်း စိန်ခေါ်မှု

စင်နောက်တွင် ချန်ရှောင်ယန်သည် အချိန်တစ်ခုအထိ ချီတုံချတုံ ဖြစ်နေပြီးနောက် နောက်ဆုံးတွင် အံကြိတ်၍ အပြေးသွားလေသည်။ ထိုအချိန်တွင် ရဲ့လင်းချန်နှင့် ကျားတိတို့က ကားနားပင် ရောက်နေလေပြီ။

"ဆရာကျား ခဏလေး နေပါဦး"

ကျားတိနှင့် ရဲ့လင်းချန်တို့ နှစ်ယောက်လုံး ရပ်သွားကြသည်။ ချန်ရှောင်ယန်က သူတို့အနားသို့ ပြေးလာသည်။

"ဆရာကျား၊ ဒီနေ့ ဘာလို့ ကျွန်မကို ကူညီတာလဲဆိုတာကို ပြောပြပေးနိုင်မလား"

ထို့နောက် သူမက အကြည့်လွှဲ၍ ရဲ့လင်းချန်ကိုသာ စိုက်ကြည့်နေသည်။

"မင်္ဂလာပါ ချန်မိန်းကလေး၊ ကျွန်တော်က Vatti ရဲ့ ဧည့်သည် ဒီဇိုင်နာ ရဲ့လင်းချန်ပါ"

ရဲ့လင်းချန်က ကျားတိ ပြန်မဖြေခင် သူ့ကိုယ်သူ ပေါ့ပေါ့ပါးပါး မိတ်ဆက်လိုက်သည်။

"မ...မ...မင်္ဂလာပါ"

ချန်ရှောင်ယန် စကားထစ်နေ၏။

"ကျွန်တော့် သူငယ်ချင်းတစ်ယောက်က မင်းအကြောင်း ပြောဖူးလို့ပါ၊ ဒါ အကူအညီ သေးသေးလေး တစ်ခုပါပဲ"

"အဲ့ဒီ ရှင့်သူငယ်ချင်းရဲ့ နာမည်ကို ပြောပြပေးနိုင်မလား"

ချန်ရှောင်ယန်က ရဲ့လင်းချန်ကို မျှော်လင့်နေသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး သူမမျက်လုံးများက ရွှန်းစို တောက်ပနေ၏။

"ကျွန်တော် တောင်းပန်ပါတယ်၊ သူက ဒါကို လျှို့ဝှက်ထားဖို့ ကျွန်တော့်ကို သေချာ ပြောထားတာပါ"

ရဲ့လင်းချန် အပြုံးနှင့် ပြန်ပြောလိုက်သည်။

"ဪ ကျွန်မ နားလည်ပါပြီ"

ချန်ရှောင်ယန် စိတ်ပျက်သွားဟန် ပေါ်နေသည်။ သူမက နှုတ်ခမ်းကို ကိုက်နေပြီးမှ သူ့အား ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သူမက ရဲ့လင်းချန်ကို သေသေချာချာ ပြန်စိုက်ကြည့်သည်။ သူမက လက်မလျှော့သေးဟန်ဖြင့် မေးလာ၏။

ကျုပ်က ပါရမီရှင် (Chapter 201-400)Tempat cerita menjadi hidup. Temukan sekarang