Chapter 305

534 55 0
                                    

စာစဉ် 21 Chapter 305 တကယ်တော့ ငါတို့ အဲ့လောက်ထိ မမူတတ်ပါဘူး

ရဲ့လင်းချန်၌ ပိုက်ဆံ ပြတ်လပ်ခြင်း မရှိပါ။ တကယ်တမ်းတွင် သူ့တွင် ပိုက်ဆံများ ပိုပင်ပိုနေ၏။

ယခင်က ဟော်ရန်ကျား၏ box office ရောင်အားက သူ့ကို အမြတ်ငွေ ယွမ်သန်းသုံးရာ ရရှိစေခဲ့သည်။ Las Vegas မှ သူ၏ သန်းငါးရာနှင့်ပါ ပေါင်းလိုက်လျင် သန်းရှစ်ရာပင် ရှိနေလေပြီ။

ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီအတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ရန် သူ ရှောင်ဖေးဖေးကို သန်းငါးဆယ် ပေးခဲ့သည်။ ပန်ဒါ ထုတ်လွှင့်ရေးလုပ်ငန်း လည်ပတ်ရန်အတွက် သူ စုန့်ချမ်ကို နောက်ထပ် သန်းငါးဆယ် လွှဲခဲ့သည်။ ထိုပမာဏ ဖယ်လိုက်လျင်တောင်မှ သူ့တွင် သန်းခုနစ်ရာ ကျန်နေပါသေးသည်။

ယခု သူ ကြည့်လိုက်သည့်အခါတွင်မှ သန်းငါးဆယ်က မလုံလောက်မှန်း သိလိုက်ရသည်။ ၎င်းသည် သူ၏ အတွေ့အကြုံ မရှိခြင်းနှင့် ဈေးကွက်နှုန်းကို နားလည်မှု ကင်းမဲ့ခြင်းကြောင့်ပင်။

၎င်းကို တွေးမိသောအခါ သူ အနေခက်သလို ခံစားရလေသည်။

ထိုမျှ ချမ်းသာနေသဖြင့် အနည်းဆုံးတော့ သူ့အဆင့်အတန်းနှင့် ကိုက်ညီသော အဆောက်အဦးတစ်ခု ဝယ်ထား သင့်ပေသည်။

"လင်းချန် နင် ဘာတွေတွေးနေတာလဲ"

ရှောင်ဖေးဖေးက ရဲ့လင်းချန်၏ မျက်နှာအမူအရာကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။

"ကျွန်တော် အဆောက်အဦးတစ်ခု ဝယ်ချင်လို့"

"လင်းချန် နောက်မနေနဲ့တော့"

ရှောင်ဖေးဖေးက ပြောသည်။

"အစ်မဖေးဖေး ဒီက အဆောက်အဦးတစ်ခု ဝယ်ဖို့ ဘယ်လောက်လောက် ကုန်မလဲ"

ရဲ့လင်းချန်က ခပ်တည်တည် မေးလိုက်သည်။

"ဒီနေရာက တစ်စတုရန်းမီတာကို ယွမ်နှစ်သိန်း ကျတယ်၊ နင် စတုရန်းမီတာ ငါးထောင်ဝန်းကျင် အဆောက်အဦး တစ်ခုကို စဉ်းစားမယ်ဆိုရင် ယွမ်သန်းတစ်ရာ လိုအပ်တယ်၊ လိုအပ်တဲ့ အပြင်အဆင်ကိုပါ ပေါင်းလိုက်မယ်ဆိုရင် အနည်းဆုံး ၁.၅ ဘီလီယံတော့ လိုမှာပဲ၊ အဲ့ဒါအပြင် နင် အဆောက်အဦးတစ်ခုလုံးကို လိုချင်တယ်ဆိုရင် မီတာခတို့၊ ရေခွန်တို့ကလည်း အတော်လေး ကုန်ဦးမှာ၊ နင် ကုမ္ပဏီတစ်ခုကို လည်ပတ်မယ်ဆိုရင် အထွေထွေ အသုံးစရိတ်၊ အိမ်ရာ အဆောက်အအုံ စရိတ်၊ ထိန်းသိမ်းခနဲ့ ..."

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now