Chapter 344

358 37 0
                                    

စာစဉ် 23 Chapter 344 မီးမွှေးရန် အခက်တွေ့ခြင်း

"ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်"

ချန်ရှောင်ယန်နှင့် အာနယ်လ်တို့က ပြိုင်တူ ပြောလာသည်။ နှစ်ယောက်လုံး မသိမသာ အံ့ဩသွားပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ အခြေအနေက အနည်းငယ် ထူးဆန်းလာ၏။

[အာ သေပြီ၊ ဒါ ယမ်းနံ့တွေကို အနံ့ရနေသလိုမျိုးပဲ၊ ငါ ဝိုင်အတွက် ဝမ်းနည်းမိပြီ]

[ဒေါသဒီရေ တိုးလာပြီ၊ ဒေါသ ဒီရေ တိုးလာပြီ၊ အား ... တရုတ်လူမျိုး တစ်ယောက်အနေနဲ့ ငါ ချန်ရှောင်ယန် ဘက်က ရပ်တည်တယ်]

[ငါက အာနယ်လ်ရဲ့ဘက်မှာ နေမယ်၊ အဲ့လှတဲ့ အမေရိကန်သူလေးကိုသာ သူ ရနိုင်ရင် ဝိုင်တော့ တအား ကံကောင်းတာပဲ]

[သူက အကုန် သိမ်းမှာ၊ သူက အားလုံးကို သိမ်းပြီး နိုင်ငံတကာ ဆက်ဆံရေး ထူထောင်မှာကွ၊ ငါတော့ ဝိုင်ရဲ့ မိန်းမနဲ့ ပတ်သက်ပြီး ကံကောင်းတာကို အားကျတယ်ကွာ]

...

ရဲ့လင်းချန်က နှာခေါင်းကိုပွတ်၍ ပြောလိုက်သည်။

"မလိုက်နဲ့၊ အဲ့ဒါက တော်တော် ဝေးတယ်၊ ပြီးတော့ မှောင်လာပြီ၊ မင်းတို့ ငါနဲ့ မလိုက်သင့်ဘူး၊ မလုံခြုံဘူး"

"ဒါ ... ပြီးရောလေ၊ အဲ့ဒါဆို သတိထားဦး"

ချန်ရှောင်ယန်က နှုတ်ခမ်းကိုက်၍ ခေါင်းညိတ်လိုက်သည်။

အားလုံးက တဖြည်းဖြည်း ဝေးသွားသော ရဲ့လင်းချန်၏ နောက်ကျောကို ကြည့်နေကြသည်။ သူတို့ မျှော်လင့် စောင့်စားစိတ်တို့ ထက်သန်နေ၏။

*အဲ့လို ထောင်ချောက်မျိုးက တကယ်ပဲ ရစ်ငှက်တွေကို ဖမ်းနိုင်မှာလား*

ထိုအချိန်တွင် ရဲ့လင်းချန်က တောနက်ထဲသို့ တစ်ကိုယ်တည်း ဝင်သွားသည်။ သို့သော် သူက ထောင်ချောက် ရှိရာသို့ တန်းမသွားဘဲ တစ်ဖက်လှည့်၍ ပိုနက်သော နေရာသို့ လျှောက်သွားလေသည်။

ဤနေရာ၌ ရစ်ငှက်များ ရှိလျင် ရစ်ငှက်ကို ကြိုက်သော အခြား တိရစ္ဆာန်များလည်း ရှိနိုင်ချေ ရှိသည်။ ဥပမာအားဖြင့် ... ရစ်ငှက်စားသော တိရစ္ဆာန်များပင်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now