Chapter 326

409 46 0
                                    

စာစဉ် 22 Chapter 326 ငါ့ကို လာသင်နေရအောင် သူက ဘာမို့လို့လဲ

ရဲ့လင်းချန် တိတ်ဆိတ်နေသည်။ သူ တံခါးနား ရောက်သောအခါ ရုတ်တရက် ပြောလိုက်သည်။

"ရှုနန် ဘောပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက် ယူလာခဲ့ပေးပါ"

"ဟင်"

ရှုနန် စိတ်ရှုပ်ထွေးသွားသော်လည်း သူမ ဘောပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ကို အလျင်အမြန် သွားယူ လေသည်။

စာရွက်ပေါ်တွင် ရဲ့လင်းချန်က သူ အစောပိုင်းက မြင်ခဲ့သည့် ပြဿနာများအားလုံးကို ချရေးလိုက်သည်။ သူက အချို့အစိတ်အပိုင်းများတွင် ပိုအသေးစိတ်ကျအောင် ပုံဆွဲပေးလိုက်သေးသည်။

"ဆရာ ရှင် ဘာရေးနေတာလဲ"

ရှုနန်က ရဲ့လင်းချန်ကို စိတ်ဝင်တစား ကြည့်နေသည်။

ရှုဝမ်ချင်သည်လည်း မျက်မှောင်ကြုတ်နေ၏။ သူမသည် ရဲ့လင်းချန် ရေးနေသော အကြောင်းအရာက အစောပိုင်းက မြင်ခဲ့သော စာများနှင့် တူနေကြောင်း ခံစားမိသည်။

"ပြီးပြီ"

ရဲ့လင်းချန်က စာရေးသည်ကို ရပ်လိုက်ပြီး ပြုံး၍ ရှင်းပြလိုက်သည်။

"ဒါ ခုနက မောင်းသူမဲ့ယာဉ်က ချို့ယွင်းချက်တွေ၊ လှည့်တဲ့စနစ်နဲ့ ခလုတ်ဖွင့်တဲ့စနစ်မှာ ပြဿနာ ဖြစ်နေတာ၊ ပြီးတော့ အရှိန် တင်တာနဲ့ လျှော့တာမှာလည်း အကန့်အသတ် မရှိဘူး ဖြစ်နေတယ်၊ အဲ့ဒါကလည်း ပြဿနာ ဖြစ်စေတယ်"

ထို့နောက် သူက ရှုနန်ကို ပေးလိုက်သည်။ အချိန်က အတော်လေး လင့်နေသဖြင့် သူ အိမ်ပြန်ရန် ပြင်လိုက်သည်။

"ဆရာ ကျွန်မ ပြန်လိုက်ပို့ပေးပါရစေ"

ရှုနန် ကမ်းလှမ်းလိုက်သည်။

"မလိုဘူး"

ရဲ့လင်းချန်က လက်ကာပြ၍ ထွက်လာသည်။

သူ ထွက်သွားပြီးနောက် အိုးရန်ချင်းက အလျင်စလို ခြေလှမ်းများဖြင့် ရောက်လာပြီး သူ့မျက်နှာက ယခင်အတိုင်း ကြည့်ရဆိုးနေ၏။

"နင်တို့တွေ ဒီနား လာဦး"

သူမက လုံခြုံရေးကို လှမ်းခေါ်သည်။ ထို့နောက် မောက်မာသော အသံဖြင့် ရှုနန်နှင့် ရှုဝမ်ချင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now