Chapter 279

599 60 7
                                    

စာစဉ် 19 Chapter 279 အစဉ်အလာကို ဆန့်ကျင်သော သုံးပြည်ထောင်

ယင်းက သတင်းကြီးပင်။

အချိန်ကို အတိအကျ မသိလိုက်ခင်မှာပင် ဝိုင်က ဆန်းကြယ်မှု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ ဝိုင် တစ်ယောက်ပြီး တစ်ယောက် ဘယ်နေရာကမှန်းမသိ ပေါ်လာခဲ့ပြီး အားလုံးက ထူးခြားသော ကိုယ်ပိုင် လမ်းကြောင်းများ ရှိနေသော်လည်း တစ်ယောက်တလေကမှ သူတို့ မျက်နှာကို ထုတ်ပြခြင်း မရှိခဲ့ချေ။

လက်ရှိအချိန်၌ အမှောင်ထဲ၌ အမြဲ ပုန်းကွယ်နေခဲ့သော ဝိုင်နတ်ဘုရားက မီးဖွင့်ရန် ဆုံးဖြတ်လိုက်သည်တဲ့လား။

ထိုသတင်းက အားမာန်အပြည့်ဖြင့် ထုတ်လွှင့်မှုတစ်ခုလုံးသို့ မုန်တိုင်းသဖွယ် တိုက်ခတ်သွားကာ မရေတွက်နိုင်သော ကြည့်ရှုသူများကို ဆွဲဆောင်သွားလေသည်။

နောက်ဆုံးတွင် "ကလစ်" ဟူသော အသံနှင့်အတူ ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှု ဖန်သားပြင်က လင်းထိန်လာ၏။

ဖန်သားပြင်ရှေ့တွင် လူတစ်ယောက်က စူပါမန်းဝိုင်၏ မျက်နှာဖုံးကို ဝတ်၍ ထိုင်နေသည်။

[ချီးပဲ ငါက ဘောင်းဘီတောင် ချွတ်ထားပြီးပြီ၊ နင်က ငါ့ကို ဒီလိုမျိုး ပြလိုက်တာလား]

[သေလိုက်ပါတော့ ခွေးကောင်၊ ငါ့ခံစားချက်တွေကို လှည့်စားတယ်]

[ငါ့နှယ်နော်၊ ဒီကို စိတ်လှုပ်ရှားပြီး ရောက်လာပင်မယ့် ဝမ်းနည်းပြီး ပြန်ရတော့မယ်]

[ကိုယ့်လူတို့ စိတ်ဓာတ်မကျပါနဲ့၊ အနည်းဆုံးတော့ ငါတို့ တစ်ခုခု ရလိုက်တာပဲလေ၊ ငါတို့ ဝိုင်နတ်ဘုရားရဲ့ သွယ်လျတဲ့ လက်ချောင်းတွေ၊ ကျယ်ပြန်တဲ့ သူ့ပခုံး၊ ဆွဲဆောင်မှုရှိတဲ့ လည်စလုတ်နဲ့ ခံစားချက်တွေ ပြည့်နေတဲ့ အဲ့မျက်လုံးတွေ ...]

[အပေါ်က မျက်နှာလုပ်နေတဲ့လူ၊ မင်းက ရွံစရာကောင်းတယ်]

[ဝိုင်နတ်ဘုရားက ငယ်သေးတဲ့ပုံပဲ၊ ငါ့အထင် သူက အတော်လေး ချောမယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါက မည်းနက်နေတဲ့ ဖန်သားပြင်ထက်တော့ ပိုကောင်းပါတယ်]

...

မှတ်ချက်များက ပလူပျံနေသည်။ ရဲ့လင်းချန်က အသာချောင်းဟန့်၍ ပြောလိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now