Chapter 363

343 27 0
                                    

စာစဉ် 25 Chapter 363 မာနကို နင်းခြေခြင်း

လက်ရှိတွင် အိုးရန်ချင်းက ယခင်က ရှိခဲ့သော မည်သို့သော မောက်မာမှုကိုမှ မပြသချေ။ သူမ၏ မျက်လုံးများက ဖိတ်ဖိတ်တောက်နေပြီး ရဲ့လင်းချန်အား ရောထွေးနေသော ခံစားချက်များနှင့်အတူ ကြည့်နေသည်။ သူမ ပင့်သက်ရှိုက် လိုက်သည်။

"ငါ အရင်က နင့်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်ဆိုတာကို ငါ သိပါတယ်၊ အခု နင် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိမ့်မယ်လို့ ငါ မျှော်လင့်တယ်၊ ငါ ..."

"ခင်ဗျား ကျုပ်အကူအညီကို တောင်းဖို့ လာတာဆိုရင် ထားလိုက်တော့"

ရဲ့လင်းချန်က လက်ခါပြပြီး စိတ်ပျက်နေသည်။

"ကျုပ် ခင်ဗျားကို အပြင်ကန်မထုတ်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ခင်ဗျားက ရှုနန်နဲ့ ရှုဝမ်ချင်တို့ရဲ့ ဝမ်းကွဲ ဖြစ်နေလို့ပဲ၊ အခြားပြောစရာ မရှိဘူးဆိုရင် ထွက်သွားလိုက်ပါ"

"ရဲ့လင်းချန် ငါ ပြီးခဲ့တဲ့အချိန်တွေက မှားခဲ့တယ်ဆိုတာ ငါ သိပါတယ်၊ ငါ ဒီကို စိတ်ရင်းအတိုင်း တောင်းပန်ဖို့ လာတာပါ"

အိုးရန်ချင်းက ရဲ့လင်းချန်ကို အလေးအနက် ဦးညွှတ်လိုက်သည်။

"ငါတို့ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက တရုတ်နိုင်ငံတစ်ခုလုံးမှာ နာမည်ကြီးတဲ့ အမှတ်တံဆိပ်လို့ ပြောလို့ရတယ်၊ အခု တရုတ်နိုင်ငံတွင်းက အလိုအလျောက် မောင်းနှင်ရေးနယ်ပယ်က အလျင်အမြန် တိုးတက်လာနေတာ၊ ငါတို့နိုင်ငံက ကားတွေက အမြဲ ကမ္ဘာ့နံပါတ်တစ် နိုင်ငံတွေအနောက်မှာ ကျန်ရစ်ခဲ့တာ၊ တကယ်လို့ ငါတို့ကုမ္ပဏီ ကျဆင်းသွားရင် တရုတ်နိုင်ငံရဲ့ အလိုအလျောက် မောင်းနှင်ရေးနယ်ပယ်က ရှင်သန်နိုင်မှာ မဟုတ်ဘူး"

"ဟားဟား ... ကျုပ်က ဒီကိစ္စအကြောင်း ပြောရမယ့်လူ မဟုတ်ဘူး၊ အလိုအလျောက် မောင်းနှင်ရေးနယ်ပယ် ဘာလုပ်လုပ် ကျုပ်အပူ မဟုတ်ဘူး"

ရဲ့လင်းချန်က အရေးမစိုက်စွာ ခေါင်းခါပြလိုက်သည်။

"မစ္စတာ ရဲ့လင်းချန်၊ ငါ နင့်ကို အလိုအလျောက် မောင်းနှင်ရေးယာဉ်ရဲ့ အခြေအနေတွေကို ပြောစရာ မလိုပါဘူး၊ နင်က တော်တော်လေး ထူးချွန်ပြီးတော့ အလိုအလျောက် မောင်းနှင်ရေးနယ်ပယ်မှာ ထိပ်တန်းဖြစ်အောင် လုပ်နိုင်မှာ အသေအချာပဲ၊ ငါ့ရဲ့ မောက်မာမှုကြောင့် အရင်က ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့မိတယ်၊ တကယ်လို့ နင် ငါတို့ကုမ္ပဏီကို ကူညီပေးချင်စိတ် ရှိတယ်ဆိုရင် ငါတို့ နင့်ကို ကုမ္ပဏီရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်း ပေးနိုင်ပါတယ်"

ကျုပ်က ပါရမီရှင် (Chapter 201-400)Место, где живут истории. Откройте их для себя