Chapter 357

361 33 0
                                    

စာစဉ် 24 Chapter 357 ဆန်းသစ်ထားသော ကဗျာ

ရှောင်ယွီ မျက်မှောင်ကြုတ်မိသွားသည်။ တစ်စုံတစ်ယောက်က ကြုံသလို ရေးထားသော ကဗျာတစ်ပုဒ်ကို သုံး၍ သူမ၏ စိတ်ဝင်စားမှု ရရှိအောင် လုပ်နေသည့်ပုံပင်။ သို့သော် တစ်ခဏအတွင်းမှာပင် သူမကို တွဲ၍ တင်လာသော လူဦးရေက များပြားလာပြီး အားလုံးက ကဗျာတစ်ပုဒ်ကို ရည်ညွှန်းနေကြသည်။

*ဒီကဗျာက ဘာလဲ၊ ဘာလို့ အဲ့လောက်ထိ စိတ်ဝင်စားခံနေရတာလဲ*

သူမ သိချင်စိတ် တိုးပွားလာသဖြင့် ဖတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

[ကဏန်းက ငါ့ရဲ့အခွံကို ဆွဲခွာနေတယ်၊

မှတ်စုစာအုပ်က ငါ့အပေါ်မှာ ရေးသားနေတယ်၊

ကောင်းကင်ယံကြီးက ကြည်လင်နေပြီးတော့ မြေပေါ်မှာ ရှိတဲ့ ငါ့ပေါ်ကို မေပယ်ရွက်တွေနဲ့ ဆီးနှင်းပွင့်တွေ ကျဆင်းနေတယ်၊

ဒါပေမဲ့လည်း မင်းက ငါ့အကြောင်း တွေးနေပြန်တာပဲ]

*ကဗျာက ရိုးရှင်းလိုက်တာ*

ယင်းက ရှောင်ယွီ၏ ပထမဆုံး ထင်မြင်ချက်ပင်။ ထို့အပြင် ရေးသားသော ပုံစံကလည်း အလွန် ထူးဆန်းလှသည်။ ၎င်းက ကလေးဆန်လှကာ စာသားများက ပြောင်းပြန်လှန်ထားသလိုပင်။ သာမန် အခြေအနေ၌ လုံးဝ ဖတ်၍ ကောင်းမည် မဟုတ်ပါ။

သို့သော် ထူးဆန်းစွာပင် သူမက ကဗျာတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခု ရှိသည်ဟု ခံစားမိနေသည်။

*ကဏန်း၊ မှတ်စုစာအုပ်၊ မေပယ်စာရွက်၊ နှင်း၊ ဒါတွေအားလုံးက ခံစားချက်တစ်ခုတည်းကို ဖော်ပြနေတာပဲ၊ အဲ့ဒါက ... ဝမ်းနည်းခြင်း*

ထိုဝမ်းနည်းသော ခံစားချက်ကို စိတ်ထဲ ထည့်၍ သူမ ကဗျာကို ထပ်ဖတ်လိုက်သည်။ ယခုတစ်ခေါက် သူမ ဖတ်လိုက်သောအခါ ဝမ်းနည်းသော ခံစားချက်က ပိုနက်ရှိုင်းလာ၏။ ရုတ်တရက် သူမမျက်ဝန်းအိမ် ကျဉ်းမြောင်းလာပြီး မျက်ရည်များက နှလုံးသားထဲမှ ထွက်ကျလာသကဲ့သို့ မျက်လုံးမှ စီးကျလာသည်။

*ပြောင်းပြန်ပဲ*

*ဒါက ပြောင်းပြန် လုပ်ထားတာပဲ*

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now