Chapter 379

346 33 0
                                    

စာစဉ် 26 Chapter 379 နယူတန်ရဲ့ အခေါင်းဖုံးကို ငါ မမနိုင်တော့ဘူး

လူလေးဆယ့်နှစ်ယောက်တွင် အယောက်နှစ်ဆယ်က ရဲ့လင်းချန်၏ ကယ်ဆယ်ခြင်း ခံရပြီး သူ ဆယ်ခါမျှ သွားလိုက်ပြန်လိုက် လုပ်ခဲ့ရသည်။ ကျန်နှစ်ဆယ့်တစ်ယောက်ကိုမူ အခြား ရေကူးသမားများက ကယ်သွား ခဲ့သည်။

ဘတ်စ်ကား ခရီးသည် တစ်ယောက်မှ အသက်အန္တရာယ် မရှိသဖြင့် ကံကောင်းသည်ဟု ဆိုရပေမည်။

"စူပါမန်းဝိုင်၊ ငါက မင်းရဲ့ အမာခံ ပရိသတ်ပါ၊ ကျေးဇူးပြုပြီး ငါ့ကို နမ်းပါ၊ ငါ့ကို ဖက်ပေးပါ၊ ပြီးတော့ ငါ့ကို မြင့်မြင့်လေး မြှောက်ပေးပါ ..."

"အား ... ငါ့မင်းသားလေး၊ ကျေးဇူးပြုပြီး မင်းရဲ့ မင်းသမီးလေးကို အနမ်းနဲ့ နှိုးပေးပါ၊ လာပါ"

"စူပါမန်းဝိုင်၊ ကျေးဇူးပြုပြီး ငါ့ကို မင်းနဲ့ တစ်နာရီလောက် အတူရှိခွင့်ပေးပါ၊ ငါ မင်းကို စူပါမန်း အသေးစားလေး ပေးပါ့မယ် ..."

...

ရဲ့လင်းချန်က လူအများ၏ စိတ်ဝင်စားစရာ ဖြစ်လာလေသည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အားလုံးက သူ့ထံသို့ တောက်ပသော မျက်လုံးများဖြင့် ပြေးလာကြသည်။

အရူးအမူး ဖြစ်နေသော လူအုပ်ကြီးနှင့် ကြုံရသောကြောင့် ရဲ့လင်းချန် အချိန်မဆွဲရဲပေ။ သူ ခြေထောက်များကို မြှောက်၍ ကမ်းစပ်သို့ မပြေးတော့ပေ။ သူက ရေကန်ကိုဖြတ်၍ အသည်းအသန် ထွက်ပြေးလိုက်သဖြင့် သူ့အနောက်၌ ရေစက်များသာ ကျန်ခဲ့လေသည်။

လူတိုင်း ခါးသက်စွာ သက်ပြင်းချလိုက်ပြီးနောက် သူ့နောက်ကျောက လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေရသည်။

...

ရဲ့လင်းချန်သည် ထိုလူများကို မျက်ခြေဖြတ်နိုင်၍ စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူသည် အေးအေးလူလူဖြင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ရိုက်ကွင်းရှိရာသို့ လျှောက်သွားလိုက်သည်။

သူ့၌ အချိန်များ ပိုနေသဖြင့် လမ်းဘေး ရှုခင်းများကို လမ်းလျှောက်ရင်း အေးအေးလူလူ ကြည့်ရှုနေသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now