Chapter 338

399 43 0
                                    

စာစဉ် 23 Chapter 338 တစ်ခုပြီးတစ်ခုသော အံ့ဩစရာများ

ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် သီချင်းဖွင့်သည့်စက်နား လျှောက်သွားပြီ သူ့ဘာသာသူ စီမံနေသည်။

"ဝိုး ... ဝိုင်က သီချင်းကို ဘယ်လိုပြင်ရမလဲ သိတာပဲ၊ အံ့ဩစရာပါလား"

တလေ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

စက်သည် နောက်ခံတေးဂီတကို ဖွင့်သည့် ကိရိယာ ဖြစ်သည်။ ၎င်းသည် အမှားအယွင်းများ မဖြစ်အောင် ကျွမ်းကျင်သော တီးခတ်ပြင်ဆင်သူ လိုအပ်သည်။ သီချင်းဆိုရာ၌ အသံအပြင် နောက်ခံတေးဂီတကလည်း အရေးပါသော ကဏ္ဍတစ်ခု ဖြစ်သည်။ ကောင်းမွန်သော အသံပြင်သူတစ်ဦးက ဆိုးရွားသောအသံကိုပင် ပြောင်းလဲနိုင်၏။

တလေနှင့် အခြားသူများသည် သီချင်းအဆိုကောင်းသော်လည်း သံစဉ်နှင့် ပတ်သက်၍ ဘာမှမသိချေ။ ၎င်းတို့က မတူညီသော အကြောင်းအရာများပင်။

"ကင်မရာ ကင်မရာ"

ကျန်းယုံ စိတ်မရှည်ဖြစ်နေပြီး ကင်မရာသမားအား အသည်းအသန် အချက်ပြနေသည်။ ဤမျှ ကောင်းမွန်သော ထွင်လုံးကို ရိုက်ကူးထားမှ ဖြစ်ပေမည်။

ရဲ့လင်းချန်၏ အရည်အချင်းက ကောင်းမွန်လှသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူက ပရိုတစ်ယောက် ဖြစ်ကြောင်း သူတို့ ပြောနိုင်ပေသည်။ သို့သော် သူ့အတွက် သံစဉ်ပြင်ရန် အ‌တော်လေး အချိန်ယူနေရသည်။ သူ အချိန်တစ်ခုအထိ ပြင်နေသည်ကို ကြည့်ပြီးနောက် သူ့ဘေးမှ သံစဉ်ပြင်သူသည် မျက်ခုံးလှုပ်သွားပြီး တအံ့တဩ ပြောလေသည်။

"ဒီပြင်ဆင်မှုတွေက အခုလက်ရှိ သီချင်းတွေအတွက် မဟုတ်ဘူး၊ မင်း သီချင်းအသစ်အတွက် ပြင်ပြီး တိုက်ရိုက် ဆိုဖို့ ကြိုးစားနေတာလား"

သူ့စကားက ဘေးပတ်လည်မှ လူများကို အံ့ဩစေကာ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ ထို့နောက် သူတို့က သူ့အနားသို့ လျှောက်လာကြသည်။

ရဲ့လင်းချန်က ငြိမ်ငြိမ်နေနေခြင်းအားဖြင့် သံစဉ်ပြင်သူ၏ စကားကို ဟုတ်မှန်ကြောင်း ဝန်ခံနေ၏။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now