Chapter 234

535 60 0
                                    

စာစဉ် 16 Chapter 234 တရုတ်ကို လှောင်ပြောင်တဲ့ဘယ်သူ့မဆိုကို ဘယ်လောက်ဝေးတဲ့ နေရာက ဖြစ်ပါစေ အနိုင်ယူရမယ်

ဘေးလူများအားလုံး တိတ်ဆိတ်ကုန်သည်။ လူတိုင်း အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသော အခြေအနေမှ သတိဝင်လာရန် အတော်လေး အချိန်ကြာသွားရသည်။
"သန် ... သန်မာလွန်းလိုက်တာ"
"ဟုတ်တယ်၊ ဝိုင်က သန်မာလွန်းတယ်"
"သူက တရုတ်လူမျိုးလား"
"ဒါက တရုတ်ကွန်ဖူးလား"
"ဒါ တရုတ်ရဲ့ စူပါဟီးရိုးလား၊ ဘုရားသခင် ... ဘာလို့ ဘုရားသခင်က ဒီလို သန်မာတဲ့လူကို ဖန်တီးခဲ့တာလဲ"
လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြသည်။ တရုတ်လူမျိုးဖြစ်စေ၊ နိုင်ငံခြားသားများ ဖြစ်စေ အားလုံး အံ့အားသင့်နေ၏။
"သူက ဝိုင်လေ၊ သူက တရုတ်လူမျိုး"
ကောင်လေးသည် အစက ရဲ့လင်းချန်ကို ငေးငိုင်၍ ကြည့်နေပြီးနောက် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားစွာ ထအော်လေသည်။
"ကျွန်တော်တို့က အရှေ့အာရှက ငပျော့ကောင် မဟုတ်ဘူးဆိုတာ ကျွန်တော် သိပြီးသားဗျ"
အရှေ့တောင်အာရှသားသည် မြေကြီးပေါ် ဒူးထောက်လျက်သား ရှိနေသော်လည်း မျက်လုံးများက ရဲ့လင်းချန်ကိုသာ ကြည့်နေသည်။ သူ့အကြည့်တွင် လက်မခံစိတ်တို့ ရှိနေသလို ကြောက်စိတ်လည်း ရှိနေ၏။
ဤဝိုင်က အလွန် သန်မာလွန်းပြီး သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဟု ခံစားမိကာ ခုခံနိုင်စွမ်း မဲ့နေပြီး အချိန်မရွေး နင်းချေခံရမည့် အန္တရာယ် ရှိသည်ဟု ထင်မှတ်မိသည်။
"တရုတ်ကွန်ဖူးက သိပ်အစွမ်းထက်တယ်၊ မင်း ထင်တာထက် ပိုအားကြီးတယ်၊ အဲ့ဒါကြောင့် ငါတို့ တရုတ်ကွန်ဖူးကို စိန်ခေါ်ဖို့ မကြိုးစားနဲ့"
ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သော်လည်း သူ့လေသံမှ တည်ငြိမ်နေမှုက လူတိုင်း၏ စိတ်ကို ကြီးကြီးမားမား ရိုက်ခတ်သွားသည်။
"ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက တရုတ်ကွန်ဖူး ရှုံးသွားရတဲ့ အကြောင်းရင်းက ငါတို့လူက ဒဏ်ရာရထားလို့ပဲ၊ သူ့ခြေထောက်က ရိုးရိုး လှုပ်ရှားမှုမျိုးတွေပဲ လုပ်နိုင်တာကို မင်း သတိမထားမိဘူးလား"
သူက ပြောနေရင်းနှင့် အရှေ့တောင်အာရှသား သယ်လာသော ဆိုင်းဘုတ်ထံ လျှောက်သွားသည်။
"ငါ ဒီဆိုင်းဘုတ်ကို နောက်ထပ် ထပ်မြင်ရမယ်ဆိုရင် မင်း ဒူးထောက်ရုံနဲ့ ပြီးသွားအောင်မှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးသည်နှင့် သူက ဆိုင်းဘုတ်ကို လေထဲသို့ ပစ်လိုက်ပြီး ကိုယ်ကို တစ်ပတ်လှည့်ကာ ဆိုင်းဘုတ်ကို ကန်လိုက်သည်။
ဆိုင်းဘုတ်တစ်ခုလုံး အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။ အပိုင်းအစများက နေရာအနှံ့သို့ လွင့်စဉ်သွားပြီး လူတိုင်း မိန်းမောမှင်တက်ကုန်သည်။ သူက သတိပေးစကား ပြောပြီးမှ ထွက်သွားလေသည်။
"တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူ့ကိုမဆို ဘယ်လောက် ဝေးတဲ့နေရာက ဖြစ်ပါစေ အနိုင်ယူရမယ်"
ရဲ့လင်းချန်၏ ပုံရိပ် ပျောက်ကွယ်သွားပြီးချိန်မှသာ လူတိုင်း သတိပြန်ဝင်လာကြသည်။
"အားးးးး တအား ချောလွန်းတယ်၊ ငါ မခံနိုင်တော့ဘူး၊ ငါ သတိလစ်တော့မယ်"
"ငါ ဝိုင်နဲ့ ဒီလောက်အထိ နီးကပ်ခဲ့လို့ သိပ်ဝမ်းသာတာပဲ"
"ငါတို့နိုင်ငံက ဘယ်တော့မှ သူရဲကောင်းတွေ ပြတ်မနေဘူးဆိုတာ ငါ သိနေတယ်လေ၊ ငါ အခု ကြည်နူးလွန်းလို့ မျက်ရည်ဝဲနေပြီ"
"အီးဟီးဟီး ... ငါ မရတော့ဘူး၊ ငါ့အမေဆီ ဖုန်းဆက်ပြီး ငါ ချစ်မိနေပြီဆိုတာကို ပြောပြရမယ် ..."
...
လူအုပ်ထဲမှ တရုတ်လူမျိုးများသည် အံ့ဩစရာ ကောင်းလွန်းသဖြင့် ချက်ချင်း စိတ်လှုပ်ရှား တက်ကြွလာကြသည်။ ဤအဖြစ်အပျက်က သူတို့ လူမျိုးအတွက် အမှန်တကယ် ဂုဏ်ယူစေရသည့် ကိစ္စပင်။
ဘေးလူများသည်ထည်း ထပ်တူ ထိတ်လန့်နေပြီး တစ်ခဏမျှ ငေးငိုင်နေပြီးနောက် ပျာယာခတ်လာသည်။
ယနေ့ညတွင် တရုတ်ကွန်ဖူးအပေါ် လေးစားစိတ်တို့ ကြီးမားလာခဲ့သည်။ လူတစ်ယောက်၏ အရိုးထဲ စွဲထင်နေ သည်အထိ မှတ်မိနေခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။ အထူးသဖြင့် ရဲ့လင်းချန် ပြောသွားခဲ့သော စကားများပင်၊ သူ ပျောက်သွားသည်မှာ ကြာနေပြီဖြစ်သော်လည်း ထိုစကားကို သူတို့နားနားကပ်၍ ဆက်တိုက် ပြောနေသည်ဟု ထင်မှတ်နေကြသည်။
သူတို့ တရုတ်နိုင်ငံအကြောင်း တွေးမိသည်နှင့် လွှမ်းမိုးဖိနှိပ်နိုင်သည့် ထိုအသံကိုပါ မမှတ်မိဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ ၎င်းက သူတို့အား တရုတ်အပေါ် အနည်းငယ်မျှ အထင်သေးရန်ပင် ကြောက်လန့်လာစေသည်။
အရှေ့အာရှက ငပျော့ကောင်ဟူသည်ကို အတိတ်က အရာဟုသာ သတ်မှတ်လိုက်ကြသည်။ သူတို့သည် ခြင်္သေ့တစ်ကောင် အိပ်နေရာမှ နိုးလာသည်ကို ကြည့်နေရသကဲ့သို့ ထင်မှတ်နေကြလေသည်။
တရုတ်မှာ ကိုယ်ပိုင်နဂါးတွေ ရှိတာပါလား။
ဟိုတယ်သို့ ပြန်ရောက်သောအခါ ရဲ့လင်းချန်က မျက်နှာဖုံးကို ချွတ်၍ စွန်းထင်းနေသော ဖုန်များကို သန့်စင် လိုက်သည်။ သူ ဝိုင်မျက်နှာဖုံးကို သေချာ ကြည့်လိုက်မိသည်။ သူ့ကိုယ်ပိုင် မျက်နှာဖုံးကို ယခုမှ ပထမဆုံးအကြိမ် သေချာကြည့်မိခြင်းပင်။
ထို့နောက် သူ အောင့်သက်သက် ရယ်လိုက်မိသည်။
*ဒီမျက်နှာဖုံးက ... သောက်ရမ်း ကြည့်ရဆိုးလွန်းတယ်ကွာ*
*ဒါကို ဘယ်သူ ထွင်တာလဲ၊ အဲ့လူက ငါနဲ့ ရန်ငြိုးရန်စ ရှိလို့များလား*
ဤမျှ ဆိုးရွားမှန်း သိခဲ့ပါက သူ့ဘာသာသူ ပိုကြည့်ကောင်းသည့် မျက်နှာဖုံးတစ်ခု ထွင်လိုက်သည်က ပိုကောင်း ပေဦးမည်။ ဤမျက်နှာဖုံးကို ဝတ်ပြီး သူ အပြင်သွားပါက ဘယ်သူမှ သူ့ကို ဟီးရိုးဟု ထင်မည် မဟုတ်ပါ။ လူအများက သူ့အား ဓားပြဟုထင်ကာ ရဲလက်ပင် အပ်လောက်သည်။
မည်သို့ပင်ဆိုစေကာမူ မျက်နှာဖုံးက သူ့ပုံစံ သင်္ကေတအဖြစ် သတ်မှတ်ခံရပြီးနေလေပြီ။
ရဲ့လင်းချန် ၎င်းကို ဘေးထား၍ အိပ်စက်လိုက်သည်။
ထိုသို့သောအချိန်အတွင်း၌ အင်တာနက်တစ်ခုလုံး လှုပ်ခါနေပြီး ငလျင်လှုပ်သည်နှင့် ကြုံနေရသည်ဟုပင် ထင်မှတ် ရသည်။
တရုတ်လူမျိုးများသည် အစကတည်းက Tik Tok ၌ နာမည်ကြီးနေသူတစ်ယောက်ကြောင့်သာ လာခဲ့ခြ်ငး ဖြစ်သည်။ သူတို့သည် Tik Tok နှင့် ပတ်သက်၍ ရူးသွပ်ပြီး Tik Tok ဗွီဒီယိုတစ်ခု ဖန်တီးခြင်းက သူတို့အတွက် ပုံမှန်ပင်။
ဤသို့သော အဖြစ်အပျက်ကို ဘယ်လိုလုပ် မှတ်တမ်းမတင်ထားဘဲ နေမည်နည်း။
အစက လူလတ်ပိုင်းအရွယ် အမျိုးသား ရှုံးနေသည့် ဗွီဒီယိုတစ်ခု ရှိခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက Tik Tok ဆယ်လီတစ်ဦး ဖြစ်ပြီး သူ့ကွန်ဖူးက ယုံမှားသံသယ မရှိအောင် ကောင်းမွန်လှသည်။ သို့သော် သူ အရေးနိမ့်နေသည်ကို အားလုံးက ကြည့်နေပြီးနောက် သူ့အမူအရာက သုန်မှုန်လာသည်။ သူ့အား အရှေ့အာရှက ငပျော့ကောင်ဟု သရော်သံကို ကြားရသောအခါ သူ ပို၍ သွေးဆူလာပြီး လက်သီးများကို ကျစ်နေအောင် ဆုပ်ထားမိသည်။
[ယီးပဲဟေ့၊ သောက်ကျိုးနည်း မင်းတို့အားလုံးက သောက်သုံးမကျတဲ့ ငတုံးတွေပဲ၊ အနားမှာ ဒီလောက် တရုတ်လူမျိုးတွေ အများကြီးရှိတာ၊ ဘာလို့ ပြေးတက်ပြီး သူ့ကို မချတာလဲ]
[လူတွေ စိတ်တိုကုန်တာ အံ့ဩစရာ မရှိဘူးပဲ၊ ငါသာ အဲ့နေရာမှာ ရှိနေခဲ့မယ်ဆိုရင် သူ ငါ့ကို အဲ့လို သရော်တာမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး]
[အားးး ... အားးး ... အား.... ငါ အရမ်း ဒေါသထွက်နေပြီ]
[အပေါ်ကကောင်တွေ အကုန်လုံးက ကီးဘုတ်ဖိုက်တာတွေ မဟုတ်လား၊ မင်းတို့သာ အဲ့နေရာမှာ ရှိနေရင် ဘောင်းဘီထဲ သေးပေါက်ချမယ်လို့ ငါ လောင်းရဲတယ်]
[ဟုတ်တယ် ငါ့လူရေ၊ အပြောကတော့ လွယ်တယ်၊ ဒါပေမဲ့ သူတို့ ရှေ့တက်လည်း သေမတတ် အရိုက်ခံရ လောက်တယ်]
[ငါတို့ တရုတ်ကွန်ဖူး အဲ့လောက် ညံ့ဖျင်းနေတာလား၊ အဲ့လို မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား၊ ဒါ အတုပဲ]
ထိုဗွီဒီယိုကို ကြည့်ရှုသူက လျင်မြန်စွာဖြင့် ဆယ်သန်းကျော်သွားပြီး ဆက်လက်၍ တိုးလာနေ၏။
သို့သော် သိပ်မကြာခင်မှာပင် ဒုတိယ ဗွီဒီယို ပေါ်လာသည်။
ခေါင်းစဉ်မှာ: "ပိုးစိုးပက်စက် တန်ပြန် တိုက်ခိုက်ခြင်း၊ ငါတို့ ဟီးရိုး မကြာခင် ပေါ်လာလိမ့်မယ်၊ တရုတ်ကွန်ဖူးက အစွမ်းထက်လွန်းတယ်၊ မယုံနိုင်လောက်အောင် ပြင်းထန်လွန်းတယ်"
ဗွီဒီယို၏ တစ်ဝက်လောက်က နိုင်ငံခြားသားများက ဝူဟန်ကို လှောင်နေသော မြင်ကွင်းဖြစ်သည်။
[ချီးပဲ၊ သူက ပြည်ပမှာ သူ့ကိုယ်သူ သိက္ခာချနေတာပဲ]
[အာ ... ဝူဟန်က ဘာမှမဟုတ်ဘူး၊ သူ့လိုလူမျိုး ငါးယောက်လောက်ကို ငါ တစ်ခါတည်း ရင်ဆိုင်နိုင်တယ်၊ ငါတို့ တရုတ်မိန်းကလေးတွေက သူ့ကို ကြိုက်နေတာလား၊ သူက အသုံးမကျတဲ့ ငတုံးပဲ ဖြစ်မယ်]
[ငါတို့ ဒီမိန်းမဆန်တဲ့ကောင်ကို မကြိုက်ဘူး၊ လုံးဝပဲ၊ ငါ အခု သောက်ရမ်း စိတ်တိုနေပြီ]
[ဒီမိန်းမလိုမိန်းမရတွေကြောင့် အရှေ့အာရှက ငပျော့တွေဆိုတဲ့ နာမည်ကို ရလာတာ၊ ယီးပဲကွာ]
[အဲ့အမာခံ ပရိသတ်တွေ အခု ကျေနပ်ပြီလား၊ အရှေ့အာရှက ငပျော့တွေအားလုံး အဲ့မိန်းမလိုမိန်းမရ ကောင်တွေကို ဆက်ကြိုက်နိုင်ပါစေ]
[Tik Tok user ရေ မင်း ဘာလုပ်နေတာလဲ၊ ဗွီဒီယိုကို မြန်မြန် တင်ပါတော့၊ ဟီးရိုးက ဘယ်သူလဲ]
[လုပ်စမ်းပါ Tik Tok user ရာ၊ တစ်ယောက်ယောက် ထွက်လာပြီး သိက္ခာကို ပြန်ဆယ်သွားလား၊ ငါ မင်းကို တောင်းပန်ပါတယ်၊ မအိပ်ရဘူးဆိုရင်တောင်မှ ငါ တစ်ညလုံး စောင့်နေပါ့မယ်]
[တရုတ်ကွန်ဖူးက ပြန်တိုက်စစ်ဆင်နိုင်မှာလား၊ လုပ်ပါ ... ချစ်ရတဲ့ Tik Tok user ကြီးရေ၊ ကျေးဇူးပြပြီး ပြောပါတော့]
မကြာလိုက်ပါ၊ တတိယ ဗွီဒီယို တက်လာ၏။
မျက်နှာဖုံး တပ်ထားသော ဝိုင်က အရှေ့တောင်အာရှသားက နှစ်ကွက်၊ သုံးကွက်တည်းဖြင့် မြေကြီးပေါ် ဒူးထောက်အောင် လုပ်လိုက်သည်ကို မြင်လိုက်ရသည့် အခိုက်တွင် လူတိုင်း ရင်ထဲမှ ဒေါသများ ပြေပျောက် သွားသလို ခံစားလိုက်ရသည်။
[လခွမ်း နောက်ဆုံးတော့ အဖြစ်အပျက်တစ်ခုလုံးကို ကြည့်လို့ရနိုင်သွားပြီပဲ၊ ရုပ်ရှင်ကားတစ်ကားလိုပဲကွာ၊ သေစမ်း ဒါ ကြည့်မိရုံနဲ့ ငါ ငိုချင်လာပြီ]
[ငါ အပေါ်က မှတ်ချက်ပေးတဲ့လူလိုပဲ ခံစားမိတယ်၊ ငါ့မျက်ရည်တွေ စီးကျလာတာ မရပ်တော့ဘူး၊ အသက်ရလာရင် ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့တောင် မျက်ရည်လွယ်လာတယ်ကွ]
[အစက ငါ့စိတ်ထဲမှာ ဝိုင်ရဲ့ မျက်နှာဖုံးက ကြည့်ရဆိုးတယ်လို့ ထင်နေတာ၊ အခု ဒီဗွီဒီယိုထဲမှာ ချောတယ်လို့ တွေ့လိုက်ရပြီ၊ ချောလွန်းလို့ ဖန်သားပြင်တောင် ကွဲလောက်ပဲ၊ ဝူဟန်က ခွေးချီးလိုပါလားနော်]
[အခုတလော ကိစ္စကြီးတစ်ခုခု ဖြစ်တဲ့အချိန်တိုင်း ဝိုင်က အမြဲ အချိန်မီ ရောက်လာတယ်၊ သူ့မှာ အောင်မြင်မှုတွေ အများကြီးပဲ၊ ငါ ဘယ်တုံးကမှ ဘယ်တစ်ယောက်ကမှရဲ့ ပရိသတ် မဖြစ်ခဲ့ဘူး၊ ဒါပေမဲ့ အခုချိန်ကစပြီး မင်းက ငါ့တစ်သက်လုံးမှာ တစ်ယောက်တည်း ရှိနေမယ့် စံပြပုဂ္ဂိုလ်ပဲ]
[စိတ်အေးပြီ၊ လုံးဝ စိတ်အေးရပြီ၊ အဲ့အရှေ့တောင်အာရှသားတွေကို ငါတို့တရုတ်ကွန်ဖူးဆီမှာ ဒူးထောက် တောင်းပန်ဖို့ ပြောလိုက်]
[တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူ့ကိုမဆို ဘယ်လောက် ဝေးတဲ့နေရာက ဖြစ်ပါစေ အနိုင်ယူရမယ်၊ ဒီစကားက သောက်ရမ်း မိုက်တယ်ကွာ၊ ငါ ဝိုင်ကို ချစ်တယ်]
[မင်းတို့မျက်လုံးတွေကို ဖွင့်ပြီး သေချာ ကြည့်ထားကြ၊ နိုင်ငံခြားသားတွေ အားလုံးပဲ၊ ဒါ ငါတို့ရဲ့ တရုတ်ကွန်ဖူးကွ၊ ဒါ ငါတို့ရဲ့ စူပါဟီးရိုး]
...
ယနေ့ညသည် အိပ်မရသော ညတစ်ည ဖြစ်ပေတော့မည်။ များစွာသော လူများက ဗွီဒီယိုကို အထပ်ထပ် အခါခါ ဖွင့်ကြည့်နေကြသည်။ သူတို့သည် တရုတ်ကွန်ဖူး၏ အစွမ်းကို မြင်လာရပြီး တရုတ်နိုင်ငံ၏ မြင့်တက်လာမှုနှင့်အတူ နိုင်ငံခြားသားများအား သူတို့နိုင်ငံအပေါ် အထင်ကြီးမှုကိုပါ ဖြစ်လာစေသည်ကို မြင်ခဲ့ရသည်။
အရှေ့အာရှက ငပျော့ကောင်ဟူသော ဆိုင်းဘုတ်က ကန်ချက်တစ်ချက်ကြောင့် တစ်စစီ ဖြစ်သွားသည်ကို မြင်သောအခါ လူတိုင်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိင်တော့ချေ။ သူတို့၏ မျက်လုံးများမှ မျက်ရည်များ စတင် စီးကျ လာလေတော့သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now