Chapter 345

362 36 0
                                    

စာစဉ် 23 Chapter 345 ရုတ်တရက် မြင်ကွင်း ပြောင်းလဲခြင်း

"လက်နဲ့ မီးလုပ်မလို့လား"

ရိုက်ကူးရေး အဖွဲ့သားများက ရဲ့လင်းချန်ကို စိုက်ကြည့်၍ ခေါင်းခါကြသည်။

"ဝိုင် ငါတို့ မင်းကို စိတ်ညစ်အောင် လုပ်ဖို့ ကြိုးစားတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ အရင်က ရသစုံရှိုးပွဲ တစ်ခု ရိုက်ဖူးတယ်၊ အဲ့ထဲက တာဝန်တစ်ခုက လက်နဲ့ မီး လုပ်တာပဲ၊ ဒါပေမဲ့ အဲ့ဒါက မဖြစ်နိုင်ဘူးဆိုတာကို နောက်မှ ငါတို့ သိလိုက်ရတယ်"

တစ်ယောက်က ပြောလာသည်။

"ဟုတ်တယ်၊ ငါတို့ အားဘယ်လောက် သုံးသုံး၊ မီးတောက် ဖြစ်လာဖို့ တကယ် ခက်ခဲတယ်"

အခြားတစ်ယောက်လည်း ပြောသည်။

ရိုက်ကူးရေး ဝန်ထမ်းများ ပြောသည်ကို ကြားပြီးနောက် တလေနှင့် အခြားသူများသည် စိတ်ထဲ၌ သံသယ ဝင်လာကြသည်။ တစ်ယောက်ချင်းစီက ရဲ့လင်းချန်ကို လှမ်းကြည့်လေသည်။

သို့သော် ရဲ့လင်းချန်၏ အမူအရာက တည်ငြိမ်မြဲ တည်ငြိမ်နေသည်။ သူသည် ချက်ချင်း သစ်သားပေါက်ကို တုတ်ဖြင့် မပွတ်ချေ။ ထိုအစား သူသည် မတ်တပ်ရပ်၍ သစ်ရွက်ခြောက်များနှင့် မြက်ပင်များကို ဆက်ကောက်သည်။ တစ်ခုချင်းစီက တူညီခြင်းမရှိဘဲ သေချာ ဂရုစိုက်၍ ကောက်နေမှန်း သိသာလှသည်။

အခြားသူများ မေးခွန်းမေးသည်ကို စောင့်မနေဘဲ ရဲ့လင်းချန်က ရှင်းပြလေသည်။

"လက်နဲ့ပွတ်ပြီး မီးဖန်တီးတာက အရမ်း ခက်တယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး၊ စာတွေ့မှာရော လက်တွေ့မှာပါ ခက်ပါတယ်၊ ပါဝင်ပစ္စည်းတွေကိုလည်း သေချာ ဂရုစိုက်ပြီး ရွေးရတယ်၊ သစ်ရွက်တွေကို မှားပြီး ရွေးမိရင် မီးထွက်ဖို့ မဖြစ်နိုင်ဘူး၊ ပြီးတော့ အချို့သစ်ရွက်တွေက ပင်ကိုအားဖြင့် မီးလောင်လွယ်တယ်၊ အဲ့တော့ အဲ့ဒါတွေက တစ်ခုနှင့်တစ်ခု တွဲဖက်ညီနိုင်တယ်၊ အဲ့ဒါဆို လက်နဲ့ပွတ်ပြီး မီးဖန်တီးဖို့ လွယ်သွားလိမ့်မယ်"

"မစ္စတာဝိုင် ဒါဆို ရှင် ရွေးထားတဲ့ မတူညီတဲ့ သစ်ရွက်ခြောက်တွေနဲ့ မြက်ပင်တွေက မီးဖန်တီးဖို့ ပိုလွယ်တာလား"

ကျုပ်က ပါရမီရှင် (Chapter 201-400)Место, где живут истории. Откройте их для себя