Chapter 348

352 38 0
                                    

စာစဉ် 24 Chapter 348 ဂုဏ်သိက္ခာ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးခြင်း

ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် ငှက်ကင်၏ အပြင်လွှာကို ဖယ်ရှားနေပြီး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ငှက်ကင်၏ ဗိုက်ထဲမှ ဟင်းခတ် အမွှေးအကြိုင်များအားလုံးကို ဖယ်ထုတ်နေသည်။

ငှက်ကင်၏ အပြင်ပိုင်းတစ်ခုလုံးကို ရွှေအိုရောင် အဆီလွှာက ဖုံးအုပ်နေပြီး မီးရောင်အောက်၌ ငှက်ကင်၏ အရေပြားက တောက်ပနေသည်။ ဘာရနံ့မှ မရှိသော်လည်း အသွင်အပြင် တစ်ခုတည်းကပင် အံ့ဩစရာ ကောင်းနေသည်။ ၎င်းက လူတစ်ယောက်အား တစ်ကိုက်ကိုက်ချင်စိတ်ကို ထိန်းမရအောင် ဖြစ်ပေါ်စေသည်။

"မစ္စတာဝိုင်"

ထိုစဉ် ကျန်းယုံက အသားကုန် အော်ဟစ်လာသည်။ သူ၏ အနည်းငယ် ဝနေသော ခန္ဓာကိုယ်ကိုနှင့် မလိုက်အောင် လျင်မြန်စွာ ပြေးလာ၏။ သူသည် ရဲ့လင်းချန်နားသို့ ပြေးလာပြီး ပြောလေသည်။

"မစ္စတာဝိုင်၊ ငါတို့အားလုံးက တစ်ဖွဲ့တည်းပဲလေ၊ မင်းတစ်ယောက်တည်း စားလို့မရဘူး"

သူ့မျက်လုံးများက နီရဲနေပြီး ရဲ့လင်းချန်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

"တစ်ကိုက်လောက်၊ တစ်ကိုက်လောက်ပဲ၊ အဲ့လောက် မရဘူးဆိုရင် ငါ့ကို ငှက်ကင် အရေပြားလေး နည်းနည်းလောက် ဝေမျှပါ၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး လုပ်ပါ"

"ဒါရိုက်တာကျန်း၊ ဒီမတိုင်ခင်က ကျွန်မတို့ကို မီးခြစ်လေးတောင် မငှားတာ၊ အခု ကျွန်မတို့က ရုတ်တရက်ကြီး တစ်ဖွဲ့တည်းသား ဖြစ်သွားပြီလား"

အာနယ်လ်က ရယ်ချင်စွာ မေးလိုက်သည်။

"နားလည်မှုလွဲတာပါ၊ ဒါတွေအားလုံးက နားလည်မှုလွဲတာ"

ကျန်းယုံက ချက်ချင်း သူ့ကိုယ်သူ ရှင်းပြပြောဆိုလေသည်။

"ငါ ဘယ်သူလဲ မင်း မသိဘူးလား၊ ငါက ဘယ်လိုလုပ် မင်းတို့ကို အဆာခံခိုင်းမှာလဲ၊ အဲ့ဒါက နောက်လိုက်တာပါ၊ ရသစုံရှုံးပွဲအတွက် ဟာသ လုပ်လိုက်တာပါ၊ ဝိုင်က ဒီလောက် အံ့ဩစရာ ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ သူက လက်နဲ့တောင် မီးမွှေးနိုင်တာပဲ"

ကျုပ်က ပါရမီရှင် (Chapter 201-400)Opowieści tętniące życiem. Odkryj je teraz