Chapter 215

594 71 3
                                    

စာစဉ် 15 Chapter 215 ကျန်းနန် သားရေလုပ်ငန်း

ရှုဝမ်ချင်၏ မျက်နှာလေးက ချက်ချင်း နီမြန်းလာသည်။ သူမ ကျောင်းသားတစ်ယောက်ထံမှ ကျီစားခြင်း ခံရလိမ့်မည်ဟု ထင်မထားမိပေ။

သူမ ရည်းစားစာများနှင့် ဖွင့်ပြောမှုများ မကြာခဏ လက်ခံရရှိသော်လည်း ကျီစားမှုကြောင့် သတိလက်လွတ် ဖြစ်သွားသည်က ပထမဆုံးပင်။ တကယ်ကို မမျှော်လင့်ထားမိပေ။

ရဲ့လင်းချန်က ရှက်သွေးဖြာနေသော ရှုဝမ်ချင်းကို ကြည့်ပြီး ထရယ်လိုက်မိသည်။

ဘာကြောင့်မှန်းမသိသော်လည်း ရှုဝမ်ချင်၏ သိမ်မွေ့နူးညံ့မှုနှင့် ထက်မြက်မှုတို့ကြောင့် ရဲ့လင်းချန် သူမကို မစဘဲ မနေနိုင်ချေ။ ဤသို့ စနောက်ခြင်းက မကောင်းမှန်း သိသော်လည်း တည်ငြိမ်နေသော ရေပြင်ကို မြင်လျင် ကျောက်ခဲဖြင့် လှမ်းမပစ်ဘဲ မနေနိုင်သကဲ့သို့ သူ ခံစားမိသည်။ ရေပြင်၌ လှိုင်းထသွားသည်ကို ကြည့်ပြီး တစ်ခုခုကို လုပ်ဆောင်နိုင်လိုက်သလို ခံစားလိုက်ရသည်။

ခပ်ဝေးဝေးရှိ လူတစ်စု၏ အကြည့်များသည် ရှုဝမ်ချင်ထံသို့သာ ကျရောက်နေပြီး သူတို့ ပိုပို၍ မျက်မှောင်ကြုတ် လာသည်။

ထိုလူစုထဲတွင် အမျိုးသားများနှင့် အမျိုးသမီးများ ပါရှိပြီး အားလုံးက နာမည်ကြီး အမှတ်တံဆိပ်များကို ဝတ်ဆင်ထားပြီး မျက်နှာတွင် မာနကြီးဟန်တို့ ပေါ်လွင်နေ၏။

"ဒါက ဝမ်ချင်ရဲ့ ကျောင်းသားတစ်ယောက် သက်သက်ပဲဆိုတာ ဟုတ်လို့လား"

လူငယ်တစ်ယောက်က မနေနိုင်ဘဲ မေးလာသည်။ သူ့မျက်လုံးတွင် အားကျမှုတို့ ပေါ်လွင်နေ၏။

"ဟားဟား မင်းလည်း အဲ့လို ခံစားမိတာလား၊ ငါလည်း အတူတူပဲ သူတို့ကို ကြည့်လိုက်ဦး၊ ဆရာတပည့် ဆက်ဆံရေးလို့ မခံစားရဘူး"

နောက်တစ်ယောက်ကလည်း ဝင်ပြောလာသည်။

"ဒီနှစ်တွေမှာ ဆရာတပည့် ဆက်ဆံရေးဆိုတာက တော်တော် မပြတ်မသား ဖြစ်လာပြီပဲ"၄

အမျိုးသမီးတစ်ယောက်က ရယ်လေသည်။

"ဝမ်ချင်ရဲ့ တုံ့ပြန်ပုံကိုလည်း ကြည့်ဦး၊ သူ ရယ်နေသလို ရှက်လည်း ရှက်နေတယ်၊ အဲ့ဒါက ဘယ်လိုလုပ် ပုံမှန် ဖြစ်မှာလဲ"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now