Chapter 210

619 75 4
                                    

စာစဉ် 14 Chapter 210 လေပူလက္ခဏာ တုပ်ကွေးအတွက် ကုသဆေး

ရဲ့လင်းချန်သည် လဲ့လဲ့အား မိဘများထံ ပြန်အပ်လိုက်ပြီးနောက် ပါမောက္ခကျန်းအား ပြောလိုက်သည်။

"သေရေးရှင်ရေး ဖြစ်နေတဲ့ ကလေးတွေကို အရင် ခေါ်လာခဲ့ပါ"

"ကောင်းပြီ"

ပါမောက္ခကျန်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

မကြာခင်မှာပင် လူအုပ်ကြီးက လူရှဲသွားသည်။ အားလုံးက ငြိမ်သက်စွာဖြင့် တန်းစီစောင့်ဆိုင်း၍ ကုသခန်းကိုသာ စိုက်ကြည့်နေကြသည်။

သို့သော် လက်ရှိတွင် သူတို့အားလုံး ပြုံးနေကြသည်။ ယခင်နှင့် လုံးဝ စိတ်အခြေအနေ မတူတော့ချေ။ ကုသမှုအတွက် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရခြင်းက တကယ်ပင် မယုံနိုင်စရာကောင်းသော အရာပင်။

"နတ်ဆေးဆရာပဲ၊ ဒီလောကထဲမှာ နတ်ဆေးဆရာ ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး"

"ဟွာထို့ အသက်ရှင်နေတယ်၊ အဲ့နတ်ဆေးဆရာက ဟွာထို့ပဲ၊ ငါ့ကလေးအတွက် မျှော်လင့်ချက် ရှိပြီ"

"ဒီ့မတိုင်ခင်တုန်းက ဆေးရုံက သူက သူတို့နဲ့ ဘာမှမပတ်သက်ဘူးလို့ ပြောလိုက်သေးတယ်၊ ဟာသပဲ၊ အင်းလေ ဒီဆေးရုံက ဒီလို နတ်ဆေးဆရာကို ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေး မရှိဘူး"

"နတ်ဆေးဆရာက ကြင်နာတတ်ပြီးတော့ ငါတို့ကို အခွင့်အရေးပေးလို့ ကျေးဇူးတင်ရမယ်"

...

သူတို့ အချင်းချင်း စကားပြောနေကြပြီး သူတို့၏ မျက်နှာတွင် စိတ်အားထက်သန်သော အမူအရာများ ပေါ်လွင် နေသည်။

တစ်ချိန်တည်းမှာပင် လူအများက သူတို့၏ စိတ်လှုပ်ရှားမှုအား WeChat နှင့် ဝေ့ပေါ်တို့၌ မျှဝေရန် မမေ့ချေ။

"အား ... အား ... ပြီးခဲ့တဲ့ ရက်တွေက ငါ ဆောက်တည်ရာမရတာက ဘာလဲဆိုတာကို သိခဲ့ရတယ်၊ အခုချိန်မှာ ငါ သေမင်းတံခါးဝကနေ ပြန်လာနိုင်မယ့် နည်းလမ်းရှိတယ်ဆိုတာကို ငါ ရှာတွေ့ခဲ့တယ်၊ နတ်ဆေးဆရာ ... ဒီနေ့ ငါ နတ်ဆေးဆရာတစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ ငါ့ကလေးရဲ့ လေပူလက္ခဏာ တုပ်ကွေးက ပျောက်ကင်းသွားပြီး မြတ်စွာဘုရားနဲ့ ကွမ်ရင်မယ်တော်ကို ကျေးဇူးတင်ပါတယ်"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now