Chapter 262

563 55 0
                                    

စာစဉ် 18 Chapter 262 ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း

လူအုပ်ကြီးက ချက်ချင်း ဒေါသထွက်လာလေသည်။

ဒါရိုက်တာချန်၏ ဂုဏ်သတင်းက အစကတည်းက ဆိုးရွားနေပြီ ဖြစ်သည်။ သို့သော် သူက ဆေးရုံ၏ ခေါင်းဆောင်ငယ်များထဲမှ တစ်ယောက် ဖြစ်သောကြောင့် မည်သူကမှ သူ့ကို ဆန့်ကျင်၍ မပြောရဲချေ။ လက်ရှိတွင် သူတို့သည် တိုင်တန်းခွင့် ရနေလေသည်။ သူတို့၏ မတရားမှုများကို ထုတ်ပြောခွင့် ရနေသဖြင့် ဘယ်သူကမှ သူတို့အကြောင်းကို တိုင်တန်းရန် တွေဝေခြင်း မရှိကြချေ။

ထိတ်လန့်စရာကောင်းသော ပြစ်မှုများကြောင့် ပါမောက္ခယု၏ မျက်နှာ အမူအရာက ပိုပို၍ ဆိုးရွားလာသည်။ သူ၏ အသက်ရှူသံတောင်မှ မြန်ဆန်လာ၏။

"ပါမောက္ခယု၊ သူတို့ရဲ့ မဟုတ်တမ်းတရားတွေကို နားထောင်လို့ မဖြစ်ပါဘူးၑ

ဒါရိုက်တာချန်က သွေးပျက်စွာ ပြောလာသည်။

"မင်းသောက်ပါးစပ်ကို ပိတ်ထားစမ်း"

ပါမောက္ခယုက ဒါရိုက်တာချန်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ဒေါသထွက်လွန်းသဖြင့် သူ့လည်ပင်းပင် နာလာသည်ဟု ခံစားနေရသည်။

"မင်းကို ဒါရိုက်တာ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ၊ မင်း ဒီမှာ ဆက်နေဖို့ ဘာအကြောင်းမှ မရှိတော့ဘူး၊ ငါ မင်းရဲ့လုပ်ရပ်တွေကို မင်းဖိုင်ထဲမှ မှတ်တမ်းတင်ထားမယ်"

"ပါမောက္ခယု မလုပ်ပါနဲ့"

ဒါရိုက်တာချန် ကြောက်လန့်တကြား‌ ပြောသည်။

သူ့ဖိုင်ထဲမှ မှတ်တမ်းသည် သူ့ဘဝတစ်လျှောက်လုံး တည်ရှိနေမည် ဖြစ်ပြီး သူ့အတွက် ဆေးရုံတစ်ခု၌ အလုပ်ရှာရန် ခက်ခဲသွားစေပေမည်။

ပါမောက္ခယုက သူ့အား လုံးဝ မသိချင်ယောင်ဆောင်ထားသည်။ အစောပိုင်းက လူအုပ်ထဲမှ ပြောလာသော ကိစ္စများကို ကြားခဲ့ဖူးသည်။ တစ်ချို့ကိစ္စများက ကြီးသော်လည်း သူသည် အားလုံးကို ရှင်းပြီးပြီဟုသာ ကြားခဲ့ရသည်။

အားလုံး ဖြေရှင်းပြီးပြီဆိုသည်ကို သူ ယုံခဲ့သည်က မည်မျှ ယုတ္တိမတန်လိုက်သနည်း။ တကယ်တမ်း၌ လူနာများက မတတ်သာဘဲ ငြိမ်ခံနေရခြင်း ဖြစ်သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now