Chapter 315

430 41 0
                                    

စာစဉ် 21 Chapter 315 ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူတစ်ယောက်နှင့် ရင်ဆိုင်ရခြင်း

"ခဏနေရင် ငါ့နောက်ကနေ လိုက်ခဲ့၊ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ငါ မင်းကို ကာပေးမယ်"

ရဲ့လင်းချန် ပြောလိုက်သည်။

ရှုနန်က ခေါင်းညိတ်လိုက်သော်လည်း သူမစိတ်ထဲ၌ ဟိုဟိုဒီဒီ တွေးနေမိသေးသည်။

*ကမ္ဘာမြေရဲ့ ဂိတ်တံခါးက လူတွေကလည်း လူသားတွေပဲလေ၊ သူတို့ အဲ့လောက်တော့ မဆိုးလောက်ပါဘူး*

သူတို့ ပစ်မှတ် သတိမထားမိစေရန် အဖွဲ့သည် အကွာအဝေးတစ်ခုအထိ ခြေကျင်သွားရန် ဆုံးဖြတ်လိုက်သည်။ သူတို့ လမ်းလျှောက်နေစဉ်မှာပင် ကောင်းကင်ယံက မှောင်မည်းလာသည်။

သူတို့ လမ်းလျှောက်ရင်း တောထဲ ရောက်လာကြသည်။ မြေကြီးပေါ်၌ သစ်ရွက်ခြောက်များ ကြွေကျလျက် ရှိသည်။ အဖွဲ့သည် ရှေ့ဆင့်နောက်ဆင့်လျှောက်ကာ တောနက်ထဲသို့ ဝင်လာကြလေသည်။

ရရှိထားသော စစ်ကြောမှုအရဆိုလျင် ဤတော၏ အလယ်သည် ကမ္ဘာမြေရဲ့ ဂိတ်တံခါး စခန်းချရာ နေရာ ဖြစ်သည်။ သူတို့ တည်နေရာကို အတည်ပြုပြီးသည်နှင့် သတင်းပို့ကာ သူတို့ တည်နေရာကို ဖျက်ဆီးရန် တပ်ဖွဲ့တစ်ဖွ့ကို စေလွှတ်မည် ဖြစ်သည်။

"ရှပ် ရှပ် ရှပ်"

ထိုစဉ် ခပ်လှမ်းလှမ်းမှ ခြေသံများကို ကြားလိုက်ရသည်။ ခြေသံက တိတ်ဆိတ်နေသော ညအချိန်၌ သိသိသာသာ ပေါ်လွင်နေ၏။

တစ်ဖွဲ့လုံး မျက်လုံးပြူးသွားသည်။ လရောင်အောက်၌ ခပ်လှမ်းလှမ်းမှ ခပ်ရေးရေး လူရိပ်များကို သူတို့ မြင်နေရသည်။

"ပုန်းကြ"

တပ်ကြပ်ကောင်းက မြန်မြန်ဆန်ဆန်ပင် တီးတိုးပြောလိုက်သည်။

"ရှုနန်၊ မင်းဆရာ ဘေးကင်းအောင် မင်း ကာကွယ်ထား၊ ထူးခြားတဲ့ အခြေအနေမှ မဟုတ်ရင် မင်းဘာသာမင်း မလှုပ်ရှားနဲ့"

တပည့်အား ဆရာကို ကာကွယ်ရန် အမိန့်ပေးခြင်းသည် တပ်ကြပ်ကောင်းက ရဲ့လင်းချန်အပေါ် ဘယ်လောက် အထင်ကြီးလဲ ပြနေ၏။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now