Chapter 294

580 52 1
                                    

စာစဉ် 20 Chapter 294 မိတ်ဆွေဆက်ဆံရေး ပျက်ပြားခြင်း

"ဒါ နင် တမင် လုပ်နေတာပဲ"

ပိုင်လင်က ရဲ့လင်းချန်ကို မကျေမနပ် ကြည့်နေသည်။

"နင် လူတောင် ဟုတ်သေးရဲ့လား၊ ဘယ်လိုလုပ် ငါ့လို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ရတာလဲ"

"အဘိုးကြီးအန်း၊ မင်း တက္ကသိုလ်က ကျောင်းသားတွေက နှလုံးသားမရှိဘူးပဲ"

ပါမောက္ခရှဲသည်လည်း ဒေါသထွက်နေသည်။ သူက ပါမောက္ခအန်းနှင့်ပင် ရန်ဖြစ်ရန် ကြိုးစားလာလေသည်။

သူ၏ ဂုဏ်ယူရသော တပည့်မလေး ကျီစယ်ခံနေရသည်ကို သူ မကြည့်နိုင်ပါ။

"အဘိုးကြီးရှဲ၊ ဒါ တိုက်ဆိုင်သွားတာပါ၊ ဒါ တိုက်ဆိုင်တာလို့ ငါ မင်းကို အာမခံရဲပါတယ်"

ပါမောက္ခအန်းက မျက်နှာကို တည်ထားပြီး ပြုံးကာ စင်ပေါ်သို့ လှမ်းအော်ပြောလိုက်သည်။

"ကျောင်းသား ရဲ့လင်းချန် ကျေးဇူးပြုပြီး အပြုအမူကို သတိထားပေးပါ၊ အရမ်း ပြင်းပြင်းထန်ထန် မတိုက်ခိုက်ပါနဲ့"

ပဥ္စမမြောက် မေးခွန်း။

ပို်ငလင်က မေးခွန်းကို အမြန်ဖတ်၍ စိတ်ထဲ၌ လျင်မြန်စွာ တွက်ချက်နေသည်။ ယခုတစ်ခေါက်တွင် သူမ အစွမ်းကုန် တွန်းတင်၍ အမြန်ဆုံးနှုန်းဖြင့် တွက်နေသည်ဟု ခံစားမိနေသည်။

သူမ ပါးစပ်မဟခင်မှာပင် ရဲ့လင်းချန်အား တစ်ချက် ခိုးကြည့်လိုက်ပြီး မြန်မြန် ဖြေလိုက်သည်။

"ဒီမေးခွန်းရဲ့အဖြေက ၈၈၄၈"

သူမ ဖြေပြီးသည်နှင့် စိတ်အေးသလို သက်ပြင်းချလိုက်ပြီး ရဲ့လင်းချန်အား ဂုဏ်ယူစွာ လှမ်းကြည့်လေသည်။

ရဲ့လင်းချန်က သူမကို ပြုံး၍ ပြန်ပြောသည်။

"ကျောင်းသူ ပိုင်လင်၊ မင်းက အရမ်း နမော်နမဲ့ နိုင်တာပဲ၊ ဒီမေးခွန်းမှာ အဖြေနှစ်ခု ရှိတယ်၊ တစ်ခုက ၈၈၄၈ နောက်တစ်ခုက ၃၆၀၊ ရှုံးပြန်ပြီ"

"ငါ ..."

ပိုင်လင် သွေးအန်လုနီးပါး ဖြစ်သွားရသည်။ ရဲ့လင်းချန်က သူမကို ဖိအား ပေးလွန်းသဖြင့် သူမ နိုင်လိုစိတ် ပြင်းပြသွားပြီး အစောတလျင် လုပ်ခဲ့မိသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now