Chapter 370

346 30 0
                                    

စာစဉ် 25 Chapter 370 ပါဝင်ကစားရန် ငြင်းပယ်ခြင်း

"ဘုန်း ဘုန်း ဘုန်း"

ဘတ်စကက်ဘော ကစားကွင်း တစ်ခုလုံး၌ ကြားနေရသည့် တစ်ခုတည်းသော အသံမှာ ဘောလုံးက ကြမ်းပြင်နှင့် အဆက်မပြတ် ရိုက်ခတ်နေသည့် အသံပင်။ လူဆယ်ယောက်က အချင်းချင်း ယှဉ်ပြိုင်နေပြီး ဘောလုံးကို ပုတ်၍ ဆွဲခြင်း၊ ဖြတ်ကျော်ခြင်း၊ ပြိုင်ဘက်များကို ကျော်တက်ခြင်း၊ ပစ်ခြင်း၊ ခုန်ခြင်း ... စသဖြင့် ယှဉ်ပြိုင် ကစားနေကြသည်။

လူတစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင် သူမတူသော အရည်အချင်းများဖြင့် ကစားနေကြသည်။

လူတိုင်း၏ အရည်အချင်းက အံ့ဩစရာ ကောင်းလှပြီး ဤသို့သော နိုင်ငံတကာ ကစားပွဲတစ်ပွဲက သာမန် ဘတ်စကက်ဘော ကစားပွဲတစ်ပွဲထက် ပိုမို၍ စိတ်ဝင်စားစရာ ကောင်းပေသည်။

ပရိသတ်များ၏ အားပေးသံများက ရပ်မသွားဘဲ ဆက်တိုက် ထွက်ပေါ်နေကာ အသံက ကျယ်သထက် ကျယ်လောင်လာ၏။ သူတို့အသံသည် ဘတ်စကက်ဘော အားကစားကွင်းတစ်ခုလုံးသို့ ပဲ့တင်ထပ်နေသည်။ သို့သော် အားပေးသံ အများစုမှာ ကိုရီးယား ဘာသာစကားအသံများ ဖြစ်ပြီး အိုပါး ဟူသည့် အော်သံများကို ထပ်ခါတလဲလဲ ကြားနေရသည်။

ဤသို့နှင့် ပထမပိုင်းက ပြီးဆုံးခါနီးလာလေသည်။ မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းမှ ကစားသမားများ အားလုံး ချွေးများဖြင့် ရွှဲနစ်နေပြီး အသက်ကို မနည်းရှူနေကြသည်။ ကပ္ပတိန်ဖြစ်သော ချမ်စန်းသည် ပါးပေါ်သို့ ချွေးများပင် စီးကျလျက် ရှိသည်။ သူက သူ့ပြိုင်ဘက်များကို စူးစိုက်ကြည့်၍ ခိုင်မာသော ခံစစ်ကို ဖန်တီး ထားသည်။

သူတို့သည် သူတို့၏ စွမ်းရည်များကို အစွမ်းကုန် ထုတ်သုံးထားပြီး ဖြစ်သော်လည်း ကိုရီးယားနိုင်ငံမှ ကစားသမားများနှင့် ရင်ဆိုင်ရသောအခါ ခွန်အားမဲ့သလို ခံစားနေရဆဲ ဖြစ်သည်။ အမှတ် ကွာဟမှုက ပိုပို ကြီးလာသည်ကို မြင်လေလေ သူတို့ ခံစားနေရသည့် ခွန်အားမဲ့မှုကလည်း ပိုတိုးလာလေပင်။

"သူတို့ရဲ့ အဆင့်အတန်းက ဒီလောက် နိမ့်နေတဲ့အချိန်မှာ ဘယ်လိုလုပ် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းက ငါတို့ကို ချစ်ကြည်ရေး ပြိုင်ပွဲ ကစားဖို့ ဖိတ်ရဲရတာလဲ"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now