Chapter 341

392 40 0
                                    

စာစဉ် 23 Chapter 341 ရိုက်ကူးရေး အစီအစဉ်၏ ဆိုးယုတ်သော အကြံအစည်များ

"ဝိုး ... ဒီအိမ်က အံ့ဩဖို့ကောင်းလိုက်တာ"

အာနယ်လ်က ရဲ့လင်းချန်ကို ဆက်တိုက် အာရုံစိုက်နေ၏။ အိမ်ပုံစံ အကြမ်းကို မြင်သောအခါ သူမမျက်လုံးများ အရောင် လက်လာသည်။

"ဝိုင် မင်းက အံ့ဩဖို့ကောင်းတာပဲ"

တလေနှင့် အစ်ကိုယန်တို့လည်း အံ့ဩနေ၏။ သူတို့သည် တောတွင်း၌ အိမ်တစ်လုံး‌ ဆောက်မည့်အတွေးကို တွေးပင် မတွေးရဲပါ။

ကျန်းယုံသည်လည်း ဝမ်းသာနေသည်။ ဝိုင်၏ တည်ရှိမှုက နတ်ဘုရား ပေးသော လက်ဆောင်တစ်ခုပင်။ ဘာအံ့ဩစရာများ ထပ်ရှိလေဦးမလဲဟု ကျန်းယုံ သိချင်မိသည်။

ကင်မရာသမားသည် အနီးကပ် ရိုက်ပြနေကာ ကြည့်ရှုသူများထံမှ အံဩစိတ်ကို ထုတ်ဖော်နေသည်။

"ဒါက အခြေခံအကျဆုံး အောက်ခံဘောင်ပဲ၊ အိမ်တစ်လုံးက လေဒဏ်နဲ့ မိုးဒဏ်ကို ခံနိုင်ဖို့ လိုတယ်"

ရဲ့လင်းချန်က ခေါင်းခါ၍ ပြုံးလိုက်သည်။ သူက တောခုတ်ဓားကိုဆွဲ၍ တောထဲ ဝင်သွားသည်။

ဝါးများကို ခုတ်မည့်အစား သူက ထူထဲသော သစ်ပင်ပင်စည်များ၊ ငှက်ပျောရွက်များနှင့် ကြာရွက်များ စသည်တို့ကို ခုတ်ဖြတ်လေသည်။ သူသည် ရှည်လျားသော သဘာဝပေါက်ပင်များနှင့် အပင်အမြစ်အချို့ကိုလည်း သယ်လာသည်။

ထိုဖြစ်စဉ်တစ်လျှောက်လုံး၌ သူ့နောက်သို့ အားကျိုးမာန်တက် လိုက်လာသော ကင်မရာသမား ပါရှိလေသည်။

နှစ်နာရီ ကြာပြီးနောက် အလွန် ရိုးရှင်းသော ဝါးအိမ်တစ်အိမ် တည်ဆောက်ပြီးသွားသည်။ ၎င်းက သိပ်မမြင့်သော်လည်း သူတို့အား လေဒဏ်၊ မိုးဒဏ်မှ ကာကွယ်ပေးနိုင်ရန် လုံလောက်ပါသည်။

"အား ... ဒီအိမ်က တကယ် လှတာပဲ၊ မြို့ထဲက တိုက်အိမ်တွေထက်တောင် ပိုကြည့်ကောင်းသေးတယ်"

အာနယ်လ်က စိတ်လှုပ်ရှားစွာ အော်လေသည်။

"ဝိုင် ရှင်က အံ့ဩဖို့ကောင်းလိုက်တာ"

ချန်ရှောင်ယန်သည် သူမရှေ့မှ အိမ်ကို တအံ့တဩ ကြည့်၍ အနည်းငယ် ပါးစပ်ဟနေ၏။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now