Chapter 202

682 78 2
                                    

စာစဉ် 14 Chapter 202 ငါ တကယ် လက်စားချေဖို့ ဒါကို လုပ်ခဲ့တာ မဟုတ်ပါဘူး

"အခန်းတစ် စက္ကူဖြူအရုပ်၊ ငါ့အဘိုးနာမည်က ဟူကောဟွာ၊ သူ့ဘိုးဘေးတွေက ပတ်ဝန်းကျင်မိုင်အနှံ့မှာ ကျော်ကြားတဲ့ မြေရှင်တွေ၊ သူတို့ အောင်မြင်ကျော်ကြားပြီး အတိုးတက်ဆုံး အချိန်ကဆိုရင် မြို့ထဲက ဆက်နေတဲ့ လမ်းသုံးလမ်းထဲက အိမ်လေးဆယ်ကျော်ကို ဝယ်ခဲ့ကြာတာ၊ သူတို့က နိုင်ငံရေးနဲ့ ကုန်သွယ်ရေးမှာလည်း ပါတယ်၊ မြို့ကို လှူဒါန်းမှုတွေ ပြုလုပ်ပြီးတော့ သယ်ယူပို့ဆောင်ရေးမှာလည်း ပံ့ပိုးခဲ့တယ်"

နိဒါန်းက ပုံမှန်သဖွယ် စတင်လာသည်။ သာမန်ထက် ထူးကဲသော တစ္ဆေများ သို့မဟုတ် ထူးခြားသော မြင်ကွင်းများ မပါပေ။ အရာအားလုံးက ရဲ့လင်းချန် သူ့ဘာသာသူ ပြောနေသည်ဟု ထင်ရသည်။

သို့သော် ယင်းကလည်း ပုံပြင်က အလွန် စစ်မှန်သည်ဟု ခံစားနေရသည့် အကြောင်းရင်း ဖြစ်ပေသည်။ ရဲ့လင်းချန် ပြောပြနေချိန်တွင် သူ့ကိုယ်ပိုင် အတွေ့အကြုံ တစ်ခုလုံးကို အလွန် အသေးစိတ်ကျကျ ပြည့်စုံစွာ ပြန်လည် ပြောပြနေသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။

နောက်ခံကို အဆုံးသတ်လိုက်ပြီးနောက် ပုံပြင်အတွက် အချိန်တန်လေပြီ။

"အဲ့အချိန်မှာ တံခါးခန်းဆီးက ဘေးကို ရွေ့သွားပြီးတော့ အမျိုးသမီးတစ်ယောက် ထွက်လာတယ်၊ သူ့အသား အရေက ဖြူဖွေးကြည်လင်နေပြီးတော့ မျက်နှာက ပန်းကန်ပြားလို ဝိုင်းတယ်၊ သူ့မှာ ဖွံ့ထွားတဲ့ တင်ပါးနဲ့ သေးငယ်တဲ့ ခြေထောက်တွေ ရှိတယ်၊ ဟူကောဟွာ အံ့ဩစိတ်ကြောင့် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်"

"ဝါး ... ဒါ ငါ လူတစ်ယောက်ကို ငါ့အတွက် လုပ်ပေးဖို့ တောင်းဆိုထားတဲ့ စက္ကူအရုပ် မဟုတ်လား၊ ဘယ်လိုလုပ် အဲ့ဒါက အသက်ဝင်လာတာလဲ ...."

ရုတ်တရက် နားထောင်နေသူတိုင်း၏ စိတ်ထဲ၌ စိမ့်ခနဲ ဖြစ်သွားလေသည်။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို သူတို့ နားထောင်ဖူးပြီး ဂူသင်္ချိုင်းဖောက်ခြင်း အကြောင်းကို အထာနပ်နေပြီ ဖြစ်သော်လည်း ရဲ့လင်းချန်၏ ပုံပြောပြခြင်းက သူတို့ကို ထိုမြင်ကွင်းက တကယ် မြင်ယောင် လာစေသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now