Chapter 354

351 33 0
                                    

စာစဉ် 24 Chapter 354 ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ဆုံးဖြတ်ချက်

ဥက္ကဋ္ဌရှုသည် တက်ရောက်သူတိုင်းကို ကြည့်လိုက်ပြီး တစ်ခဏမျှ စဉ်းစားနေပြီးမှ မေးလိုက်သည်။

"မင်းတို့အားလုံး ဒီအကြံနဲ့ ပတ်သက်ပြီး ဘယ်လို သဘောရလဲ"

အားလုံး ငြိမ်သက်နေပြီး သူတို့၏ မျက်လုံးများက မဆုံးဖြတ်နိုင်သည့် အရိပ်အယောင်များ ပြသနေ၏။ သို့သော် တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် တစ်ယောက်က ခေါင်းညိတ်၍ ထုတ်ပြောလာသည်။

"ကျုပ် သဘောတူတယ်"

"ကျုပ်လည်း သဘောတူတယ်၊ ဒါရိုက်တာ အိုးရန်က ဒါနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိနေမှတော့ ကျုပ် သူ့ဆုံးဖြတ်ချက်ကို ယုံတယ်"

"ကျုပ်တို့ စမ်းကြည့်သင့်တယ်လို့ ကျုပ် ထင်တယ်"

အားပေးထောက်ခံသူ များလာသည်နှင့်အမျှ ဥက္ကဋ္ဌရှုကလည်း ခေါင်းတဆတ်ဆတ် ညိတ်လာသည်။ သူ စကားပြော တော့မည့်အချိန်၌ ဘေးဘက်မှနေ၍ ဆန့်ကျင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

"အဖေ ကျွန်မ သဘောမတူဘူး"

ရှုနန်က ထရပ်၍ အလျင်စလို ပြောလိုက်သည်။

ဥက္ကဋ္ဌရှု မျက်မှောင်ကြုတ်သွားပြီး အမူအရာက မပျော်မရွှင် ဖြစ်လာသည်။

"ငါ မင်းကို ဒီကနေ လေ့လာသင်ယူဖို့ပဲ ခွင့်ပြုထားတာ၊ ဒီမှာ မင်း ဝင်ပြောရအောင် ဘာအရည်အချင်း ရှိလို့လဲ၊ ပြီးတော့ ကုမ္ပဏီမှာဆိုရင် မင်း ငါ့ကို ဥက္ကဋ္ဌရှုလို့ ခေါ်ရမှာ"

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက ရှုနန်ကို စိုက်ကြည့်၍ မေးလိုက်သည်။

"မင်း ဘာလို့ သဘောမတူတာလဲ"

"အိုးရန်ချင်းရဲ့ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာမှာ အမှား ရှိတယ်၊ အဲ့ဒါကို သတိမပြုမိကြဘူး၊ ကျွန်မတို့ ဒီအတိုင်း သုံးလိုက်မယ်ဆိုရင် ကိစ္စတွေက ဆိုးရွားသွားနိုင်တယ်"

ရှုနန်က ပြောပြသည်။

"မင်း ဘာအမှားကို သိထားတာလဲ၊ ငါတို့ သိအောင် ဝေမျှဦး"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now